ဒီကနေ့ ဇွန်လ(၈)ရက်နေ့မှာ အရှင်သစ္စာနန္ဒဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ထဲသို့ဝင်သွားခဲ့တဲ့ မင်းသားချော စွမ်းဇာနည်


ဒီကနေ့ ဇွန်လ(၈)ရက်နေ့မှာ အရှင်သစ္စာနန္ဒဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ထဲသို့ဝင်သွားခဲ့တဲ့ မင်းသားချော စွမ်းဇာနည်

ပရိတ်သတ်ကြီးရေ….ဇာတ်သဘင်လောကမှာဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေနဲ့အတူပရိတ်သတ်အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့တဲ့ဇာတ်မင်းသားချောစွမ်းဇာနည်ဟာဆိုရင် ဇာတ်သဘင်လောကမှာတင်မကပဲ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်သူတစ်ယောက်ပဲဖြစ်ပါတယ်။မင်းသားချော စွမ်းက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာတွေမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် စွယ်စုံတော်တဲ့မင်းသားချောလေးဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။


မင်းသာချောစွမ်းဇာနည်က တစ်ချိန်တုန်းကအရမ်းကိုဆိုးသွမ်းခဲ့ပြီ အနုပညာလောက ကနေခဏတာပျောက်ကွယ်သွားခဲ့ပါသေးတယ်နော်။စွမ်းဇာနည်က ယခုအချိန်မှာဆိုရင်တော့ လိမ်လိမ်မာမာနဲ့အေးအေးဆေးဆေးဖြစ်လာပြီအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။စွမ်းတစ်ယောက်အခုလိုလိမ္မာသွားတဲ့အတွက် ပရိတ်သတ်တွေက အရမ်းကိုသဘောကျနေကြတာပဲဖြစ်ပါတယ်။


ဒီကနေ့မှာဆိုရင်တော့ မင်းသားချော စွမ်းဇာနည်က အရှင်သစ္စာနန္ဒဘွဲ့နာမည်နဲ့ မော်လမြိုင်မြို့မှာ ရဟန်းဝတ်ကာသာသနာ့ဘောင်ထဲသို့ဝင်ခဲ့တာပဲဖြစ်ပါတယ်နော်။ချစ်တဲ့ပရိတ်သတ်တွေကလည်း စွမ်းရဲ့ကုသိုလ်ရေးကို သာဓုခေါ်ဆိုနေကြတာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇးအထူးပဲတင်ရှိပါတယ်။


Credit ; Celebrity Platforms