ခြင်ကိုက်ခံရပြီးတဲ့ လေယာဉ်မယ်တစ်ဦး သုံးရက်အကြာမှာ ကွယ်လွန်

2019-08-09 03:40:04


ခြင်ကိုက်ခံရပြီးတဲ့ လေယာဉ်မယ်တစ်ဦး သုံးရက်အကြာမှာ ကွယ်လွန်

ခြင်တွေဟာ လူတွေအတွက်တော့ ဘာတစ်ခုမှကောင်းကျိုးမပေးတဲ့ အင်းဆက်ပိုးမွှားတွေဖြစ်တာကြောင့် ဘယ်သူကမှလည်း မနှစ်မြိုပါဘူး။


ခြင်ကိုက်ခံရတဲ့အခါ အဖုအပိန့်တွေထကာ ယားယံတဲ့ ခံစားမှုကို ဖြစ်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့ ရောဂါတွေပါ ကူးစက်ခံရတတ်ပါတယ်။


ထိုင်းနိုင်ငံက အသက် ၂၅ နှစ်အရွယ် လေယာဉ်မယ် “Apitchaya Jareondee” ဟာ ခြင်ကိုက်ခံခဲ့ရပြီးနောက် အပြင်းဖျားနာခဲ့ပြီး ၃ ရက်အကြာ ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့ပါတယ်။




သူမနဲ့အတူ မိသားစုဝင်အချို့ပါ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူချိန်တက်ခြင်း စတဲ့ ဝေဒနာတွေခံစားရပြီး အပြင်းဖျားခဲ့ကြပါတယ်။ သူတို့အားလုံးကို ချင်းမိုင်မှာရှိတဲ့ Lanna ဆေးရုံကိုတင်ပို့ပြီး ကုသခဲ့ကြပါတယ်။


လေယာဉ်မယ်ဖြစ်သူကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ အခြေအနေပိုဆိုးလာကာ ခြင်ကိုက်ခံရရာမှ ရောဂါပိုးဝင်ခဲ့ပြီး ခန္ဓာကိုယ်တွင်းသွေးယိုခြင်း အတွင်းကလီစာများ ပျက်ဆီးချို့ယွင်းမှုတွေကြောင့် သြဂုတ်လ ၅ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။


Apitchaya Jareondee ဟာ ထိုင်းလေကြောင်းလိုင်းဖြစ်တဲ့ Lion Air မှ လေယာဉ်မယ်တစ်ဦးဖြစ်ပြီး ခြင်ကိုက်ခံရပြီး ၃ ရက်မြောက်တဲ့နေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။




ဒါကြောင့်မို့ အခုလိုရာသီမှာ ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားနေထိုင်ကြဖို့ ထပ်လောင်း သတိပေးလိုက်ပါရစေ..။ခြင်ကိုက်ခံရတာကြောင့် အခုလိုမျိုး အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တာကိုတောင် လျှစ်လျူရှုပြီး ……


တိရိစ္ဆာန်အခွင့်အရေး တန်းတူညီမျှရရေး လှုပ်ရှားသူအချို့က ခြင်ကိုက်တဲ့အခါ မရိုက်ပဲ ရက်ရက်ရောရော သွေးလှူတယ်လို့ သဘောထားဖို့ နှိုးဆော်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းမှာ ပါလာခဲ့ပါသေးတယ်။ popolay