နောက်လထဲ အန်ဖီးမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကြမယ့် ယာဂင်ကလော့ပ်နဲ့ စတီဗင်ဂျရတ်


နောက်လထဲ အန်ဖီးမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကြမယ့် ယာဂင်ကလော့ပ်နဲ့ စတီဗင်ဂျရတ်

၂၀၁၅ ခုနှစ်မှာ လီဗာပူးကို စွန့်ခွာသွားပြီးနောက်ပိုင်း အန်ဖီးကွင်းကို ကစားသမားအဖြစ် ဂန္တဝင်များနဲ့အတူ ပွဲတွေ ပြန်လာကစားလေ့ရှိတဲ့ စတီဗင်ဟာ ဒီနွေမှာတော့ စကော်တလန်ရဲ့ ချန်ပီယံအသင်းနဲ့အတူ ပြန်လည် ဝင်ရောက်လာပါမယ်။


စတီဗင်ဂျရတ်ဟာ မန်နေဂျာဘဝ တတိယမြောက်ရာသီမှာ စကော်တလန်အသင်းကို လိဂ်ချန်ပီယံဖြစ်အောင် ကြိုးစားပေးနိုင်ခဲ့တယ်။ ဆယ်စုနှစ် တစ်ခုအတွင်း ရိန်းဂျားအသင်းအတွက် ပထမဆုံး အမှတ်ပေးဖလား ဖြစ်ခဲ့သလို ပွဲပေါင်း ၃၈ ပွဲမှာ ရံှူးပွဲမရှိ ခံစစ်ပေးဂိုး ၁၃ ဂိုးဆိုတဲ့ မှတ်တမ်းတွေထိ ပိုင်ဆိုင်စေခဲ့တာဖြစ်တယ်။


ကိုဗစ်ကပ်ဘေးကြောင့် လီဗာပူးအသင်းရဲ့ ရာသီကြို အစီအစဉ်တွေဟာ ယခင် ရာသီတွေကထက် ဒေသတွင်းမှာပဲ ကစားရမယ့် အခြေအနေဖြစ်တယ်။ အန်ဖီးကွင်းမှာတော့ အနည်းဆုံး ပွဲစသ် ၁ ပွဲကို ကစားသွားမှာဖြစ်ပါတယ်။


ယာဂင်ကလော့ပ်က ကစားသမားတွေအတွက် နားရက်ကို ပုံမှန် ၆ ပတ်ကိုမှ ၁ ပတ်ပိုပြီး ၇ ပတ်ထိ ပေးသွားမှာပါ။ ရာသီကြိုကိုတော့ လက်ရွေးစင်တာဝန်တွေ ထမ်းဆောင်ရခြင်း မရှိတဲ့ အသင်းသားတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။


ရာသီကြို လေ့ကျင့်ရေးကို ပြင်သစ် (သို့) သြစတြီးလျားတို့မှာ လုပ်ဆောင်ဖို့ အစီအစဉ် ဆွဲထားတယ်။ ရိန်းဂျားနဲ့ ချစ်ကြည်ရေးပွဲကတော့ ဇူလိုင်လထဲ ဖြစ်လာဖို့ရှိကာ ၂၀၂၀ မတ်လ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွင်းပြည့် ပရိသတ် ပြန်ဝင်ခွင့်ရဖွယ် ရှိပါတယ်။


အနာဂတ် လီဗာပူးအသင်း မန်နေဂျာအဖြစ် အများကြီး မျှော်လင့်ခံထားရတဲ့ စတီဗင်ဟာ လီဗာပူး အဆက်အနွယ်ဟောင်းတွေအဖြစ် တောင်ပံသမားဟောင်း ရိုင်ယန်ကန့်၊ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ မက်အလစ်စတာ၊ မိုက်ကယ်ဘေးတို့နဲ့အတူ အန်ဖီးကို အလည်တစ်ခေါက် ဝင်ရောက်လာဖို့ ရှိနေခဲ့ပါပြီ။