တံတားပေါ်မှာ မိုးမမြင်လေမမြင် ချစ်နေကြတဲ့စုံတွဲရဲ့ ကံကြမ္မာဆိုး

2019-08-09 10:17:00


တံတားပေါ်မှာ မိုးမမြင်လေမမြင် ချစ်နေကြတဲ့စုံတွဲရဲ့ ကံကြမ္မာဆိုး

ပီရူးနိုင်ငံက တံတားတစ်ခုပေါ်မှာ စုံတွဲတစ်တွဲဟာ မိုးမမြင်လေမမြင် ချစ်နေခဲ့ရာ၊ စက္ကန့်ပိုင်းအတွင်း ဝင်လာမယ့် ကံကြမ္မာဆိုးကိုတော့ သူတို့ သတိထားမျှော်လင့်မိပုံ မရခဲ့ပါဘူး။ သူတို့နှစ်ယောက်ဟာ ပီရူးနိုင်ငံ၊ လီမာမြို့က ကုန်းကျော်တံတားတစ်စင်းပေါ်မှာ အခုလို ဖြစ်ပျက်နေတာပါ။


ဒီအဖြစ်အပျက်ကို အနီအနားအဆောက်ဦရဲ့ CCTV က မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး၊ နှစ်ယောက်သား အနမ်းတွေ အားရပါးရ ဖလှယ်နေရင်း၊ ပေ(၅၀)အမြင့် တံတားပေါ်ကနေ အရှိန်လွန် ပြုတ်ကျခဲ့တာပါ။ သူတို့ဟာ ဒီအန္တရာယ်ကိုတော့ မြင်နိုင်ဟန် မတူခဲ့ပါဘူး။


နှစ်ယောက်စလုံးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးခဲ့ရပါတယ်။ နာမည်တွေကတော့ Hector Vidal (၃၆)နှစ်နဲ့၊ Maybeth Espinoz (၃၄)နှစ်တို့ဖြစ်ပြီး၊ သူတို့ဟာ မနက်ခင်းပိုင်း (၁)နာရီလောက်၊ ကလပ်တစ်ခုကနေ သောက်စားပျော်ပါးပြီး ပြန်အလာမှာ အခုလို ကဲခဲ့တာပါ။


Image result for Couple fall to their deaths as they tumble over bridge fence while kissing


Bethlehem တံတားပေါ်အရောက်မှာ နှစ်ယောက်သား မခွဲနိုင်မခွာနိုင် အနမ်တွေဖလှယ်ရင်း၊ Maybeth က တံတားလက်တန်းပေါ်အထိ ရောက်သည်အထိ ဖြစ်ခဲ့ရပါတယ်။ Maybeth ရဲ့ပေါင်က Hector ကို ခွလိုက်ရာက၊ ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ အောက်ကို ပြုတ်ကျသွားပါတော့တယ်။




သူတို့ကို မျက်မြင်သက်သေတွေက Hospital de Contingencia ဆေးရုံကို ပို့ပေးခဲ့ပေမယ့် Maybeth က လမ်းမှာပဲ ဆုံးသွားခဲ့ပြီး၊ Hector ကတော့ ဆေးရုံအရေးပေါ်အခန်းမှာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။ ဒီအဖြစ်အပပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၃)ရက် စနေနေ့က ဖြစ်ခဲ့တာပါ။


လင်းဇော်ကို (D Nae Khit & D Nae Thit)


source :Metro