ဇာတိမြေရန်ကုန်ကို အရမ်းလွမ်းနေတဲ့အကြောင်းနဲ့ အရင်လို သံပုံးတီးကြသေးလားလို့ မေးလာတဲ့ မင်းမော်ကွန်း…


ဇာတိမြေရန်ကုန်ကို အရမ်းလွမ်းနေတဲ့အကြောင်းနဲ့ အရင်လို သံပုံးတီးကြသေးလားလို့ မေးလာတဲ့ မင်းမော်ကွန်း…

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။


မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းမော်ကွန်းက ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ဖခင်ဦးဇင်ဝိုင်းလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယမန်နေ့ကမှပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်…..။




မင်းမော်ကွန်းက ရှောင်တိမ်းနေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေပြည်သူတွေအတွက် ခွန်အားဖြစ်စေနိုင်တဲ့စာလေးတွေနဲ့ သတင်းအချက်လေးတွေကိုလည်းမျှဝေပေးနေတာဖြစ်ပါတယ်။ မကြာသေးမီကတော့ မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာမှာ “ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတော့ ရန်ကုန်ကိုလဲ သိပ်လွမ်းတယ်ဗျာ ခုထိရော ည၈နာရီဆိုရင်ရန်ကုန်မှာ သံဗုံးတွေတီးကြသေးလား … ကျွန်တော့်အိမ်မက်က ရန်ကုန်ကိုအမြန်ဆုံးပြန်လိုချင်တာ……” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


crd: MM Load