တရုတ်ကို ခွဲခြမ်းဖို့ ကြိုးစားရင် အရိုးတခြား အသားတခြား ဖြစ်သွားမယ်လို့ ရှီကျင့်ဖျင် သတိပေး

2020-01-20 09:09:26


တရုတ်ကို ခွဲခြမ်းဖို့ ကြိုးစားရင် အရိုးတခြား အသားတခြား ဖြစ်သွားမယ်လို့ ရှီကျင့်ဖျင် သတိပေး

တရုတ်ကို ခွဲခြမ်းဖို့ ကြိုးစားရင် အရိုးတခြား အသားတခြား ဖြစ်သွားမယ်လို့ ရှီကျင့်ဖျင် သတိပေး

တရုတ်ကို ခွဲခြမ်းမယ့် ဘယ်လို ကြိုးစားမှုကိုမဆို ချေမွပစ်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေး ပြောပါတယ်။
ဟောင်ကောင်မှာ ကာလရှည် ဆန္ဒပြမှုတွေနဲ့ ရှင်ကျန်းဒေသက မွတ်စလင်လူနည်းစုတွေအပေါ် ပြုမူတာတွေနဲ့ ပတ်သက်ပြီး ပေကျင်းအနေနဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရချိန်မှာ ခုလို သတိပေးလာတာပါ။

“နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ခွဲခြမ်းပစ်မယ့် ဘယ်လို ကြိုးစားမှုမျိုးကိုမဆို အရိုးတခြား အသားတခြား ခြေမွခံရလိမ့်မယ်။”လို့  ရှီကျင့်ဖျင်က ပြောဆိုကြောင်း နိုင်ငံပိုင် CCTV က ထုတ်လွှင့်ပါတယ်။

“တရုတ်နိုင်ငံကို ခွဲခြမ်းမယ် ဘယ်လို ပြင်ပအင်အားစုကိုမဆို တရုတ်ပြည်သူတွေဟာ ရေမှာ အရုပ်ရေးတယ်လို့ ထင်မြင်ယူဆမှာ ဖြစ်တယ်။”လို့ ၎င်းက စကားပုံတစ်ခုကို ကိုးကားပြီး ပြောပါတယ်။

သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က နီပေါနိုင်ငံဆီ သွားရောက်တာဟာ နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး တရုတ်သမ္မတတစ်ဦးအနေနဲ့ ဖြစ်ပါတယ်။ နီပေါ၀န်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ဟိမဝန္တာနဲ့ တိဘက်ကြား ရထားလမ်း ချိတ်ဆက်ရေး သဘောတူခဲ့ဖွယ်ရပါတယ်။

နီပေါ၀န်ကြီးချုပ် အိုလီကလည်း ၎င်းနိုင်ငံအတွင်း တရုတ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တားမြစ်သွားမှာ ဖြစ်တယ်လို့ ရှီကျင်ဖျင်ကို ပြောကြောင်း CCTV က ထုတ်လွှင့်ခဲ့ပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; Channel News Asia