နိုင်ငံထဲမှာ အမေရိကန်စစ်သားတွေတပ်စွဲခဆိုပြီး ဒေါ်နယ်ထရမ့်ကတောင်းလို့ ဒေါ်လာတစ်ဘီလီယံ လွှဲပေးလိုက်တဲ့ ဆော်ဒီ

2020-01-20 09:12:40


နိုင်ငံထဲမှာ အမေရိကန်စစ်သားတွေတပ်စွဲခဆိုပြီး ဒေါ်နယ်ထရမ့်ကတောင်းလို့ ဒေါ်လာတစ်ဘီလီယံ လွှဲပေးလိုက်တဲ့ ဆော်ဒီ

နိုင်ငံထဲမှာ အမေရိကန်စစ်သားတွေတပ်စွဲခဆိုပြီး ဒေါ်နယ်ထရမ့်ကတောင်းလို့ ဒေါ်လာတစ်ဘီလီယံ လွှဲပေးလိုက်တဲ့ ဆော်ဒီ

ဆော်ဒီအာရေးဗျနိုင်ငံမှာ အမေရိကန်စစ်သားတွေ တပ်စွဲပေးဖို ့ဒေါ်နယ်ထရမ့်ကတောင်းဆိုတာကြောင့် ဆော်ဒီနို်င်ငံက ဒေါ်လာ တစ်ဘီလီယံလွဲပေးလိုက်တယ်လို့ သမ္မတထရမ့်က လူသိရှင်ကြားထုတ်ဖော်ပြောကြားလိုက်ပါတယ် ။

အလားတူတောင်ကိုရီးယားနိုင်ငံကလဲ ဒေါ်လာသန်း ၅၀၀ ပေးတယ်လို့ပါတယ် ။

“ဒါဟာ အချည်းနှီး သဘောတူညီချက်တွေပဲ။ တောင်ကိုရီးယားဟာ ကျုပ်တို့တပ်တွေ တပ်စွဲပေးထားတာအတွက် တစ်နှစ် ဒေါ်လာ ၆၀ ဘီလီယံ ပေးရင်တော့ အဆင်ပြေလိမ့်မယ်။”လို့ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာ ထရမ့်က ပြောထားဖူးကြောင်း အဲဒီ စာအုပ်က ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။

ဒီလိုမဆင်မချင်ပြောတာကြောင့် သမ္မတထရမ့်တစ်ယောက် ဝေဖန်မူတွေလဲခံနေရပါတယ် ။ သမ္မတက စစ်တပ်ကို ရောင်းစားနေတယ်လို့ လူအချို့က ဝေဖန်ကြပါတယ် ။

” ဆော်ဒီက အမေရိကန်စစ်သားတွေ တပ် စွဲထားခဆိုပြီး ကျူပ်တို ့ကိုပိုက်ဆံပေးတယ်လေ ။ ဆော်ဒီ နဲ့က ဆက်ဆံရေးအင်မတန်အဆင်ပြေတယ်ဟု ထရမ့်ကဆိုခဲ့တာပါ။

” ကျုပ်က ဆော်ဒီနိုင်ငံကို ဒီမှာ ခင်ဗျားတို့ အင်မတန် ချမ်းသာနေတာဘဲ၊ အမေရိကန်စစ်တပ်ကို ခင်ဗျားတို့ဆီမှာ တပ်စွဲထားစေချင်ရင် ဒီအ တွက် ပိုက်ဆံပေးရမယ်လို့ ကျုပ်က ဆော်ဒီကို ပြောလိုက်တာပေါ့ ”

” ပြီးတော့ ဆော်ဒီ က ဒေါ်လာတစ်ဘီလီယံ လွှဲပေးလိုက်တာဘဲ ” လို့ထရမ့်က ပြောပါတယ်.

တောင်ကိုရီးယားတွင် အ မေရိကန်စစ်သားများ တပ်စွဲထားခအဖြစ် တောင်ကိုရီးယားက ဒေါ်လာ သန်း ၅၀၀ ပေးတယ်လို့လဲပြောသွားပါသေးတယ်.။

တောင်ကိုရီးယားကို မြောက်ကိုရီးယားရန်မှကာကွယ်ပေးဖို ့အမေရိကန်စစ်သားများစေလွှတ်ပေးထားတာလို့ဆိုပါတယ်။ ဆော်ဒီမှာရှိတဲ့ရေနံစက်ရုံများ တိုက်ခိုက်ခံရလို့ ဆော်ဒီကအမေရိကန်တပ်တွေနိုင်ငံထဲမှာတိုးမြင့်ချထားမယ်လို့ပြီးခဲ့တဲ့လခဲ့ကြေညာခဲ့ပါတယ်။

ပြည်ပမှာ အမေရိကန်တပ်တွေ တပ်စွဲထားရတဲ့ တန်ဖိုးကို ထရမ့်က အထပ်ထပ်အခါခါ မေးသလို ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းမက်တစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်စ်တဲလာဆန်တို့အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေကို တောင်ကိုရီးယား၊ ဆော်ဒီ ၊ ဂျပန်နဲ့ ဂျာမနီ အပါအဝင် နိုင်ငံတွေကနေ အမေရိကန် တပ်တွေ ရုပ်သိမ်းနိုင်မနိုင်ကို တိုက်တွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Crd# Writer_HULK ( XYZ NEWS )