ကမ္ဘာ့ပထမဆုံး တိုက်ခိုက်ရေးကိုယ်ပျောက်ဒရုန်းကို တရုတ် ထုတ်ပြ

2020-01-20 09:15:11


ကမ္ဘာ့ပထမဆုံး တိုက်ခိုက်ရေးကိုယ်ပျောက်ဒရုန်းကို တရုတ် ထုတ်ပြ

ကမ္ဘာ့ပထမဆုံး တိုက်ခိုက်ရေးကိုယ်ပျောက်ဒရုန်းကို တရုတ် ထုတ်ပြ

တရုတ်နိုင်ငံဟာ ခရီးတာများစွာ ပျံသန်းနိုင်ပြီး ပစ်မှတ်ကို အနုစိတ် တိတိကျကျ ထိမှန်အောင် ပစ်နိုင်စွမ်းပြီး လုံးလုံးခြေရာကောက်ထောက်လှမ်းလို့ မရနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်ဒရုန်းယာဉ်ကို တီထွင်ထားနိုင်ပြီ ဖြစ်ပါတယ်။

တိုက်ချင်းပစ်နျူကလီးယား ထိပ်ဖူးတွေနဲ့ ဝေဟင်မှာတင် ဆီဖြည့်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လက်နက်စနစ်တွေကို မကြာသေးခင်က ချပြလာတဲ့ တရုတ်ကြောင့် ကမ္ဘာအတွက် ရတက်မအေးဖြစ်နေချိန်မှာပဲ အခု ဒရုန်းကို တရုတ်က ချပြလာတာပါ။

သြစတြေးလျအပြင် အမေရိကန်မှာပါ ကာကွယ်နိုင်စွမ်း မရှိသေးတဲ့ GJ-11 Sharp Sword ဒရုန်းယာဉ်ဟာ စိုးရိမ်စရာ လက်နက်စနစ်ပဲ ဖြစ်ပါတယ်။
Sharp Sword ဒရုန်းဟာ မောင်းသူမဲ့ တိုက်ခိုက်ရေးယာ်ဖြစ်ပြီး အမေရိကန်က ၁၉၉၅ မှာ ပထမဆုံး ထုတ်သုံးခဲ့တဲ့ Predator ဒရုန်းနဲ့ ဆင်တူပါတယ်။

ဒါပေမယ့် Sharp Sword ဟာ ပျံသန်းတောင်ပံပုံစံ မတူဘဲ လေရန်ကာစနစ်တွေကို ကျော်လွှားနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည်ပါ ရှိထားတာ ဖြစ်ပါတယ်။
၂၀၁၃ မှာ တရုတ်နိုင်ငံဟာ ပျံသန်းခေတ်ရှေ့ပြေးယာဉ် တစ်စင်း ပိုင်ဆိုင်ထားပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခု ချပြလာတဲ့ ပုံစံဟာ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်တဲ့ ဒရုန်းယာဉ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းရဲ့ စစ်အင်အားကို ကြီးထွားအောင် တည်ဆောင်နေချိန်မှာပဲ သမ္မတ ရှီကျင့်ဖျင်ကတော့ ငြိမ်းချမ်းရေးကို ဦးညွတ်ထားကြောင်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ တရုတ်ပြည်ထူထောင်မှု နှစ် ရ၀ ပြည့်နှစ်မှာ လက်နက်သစ်တွေ ထုတ်ပြရင်း သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ လိုအပ်ရင် ကိုယ်ကိုကို ကာကွယ်နိုင်စွမ်း ရှိရမယ်လို့ ဆိုရင်း “ဘယ်လက်နက်ကိုင် အင်အားကမှ တရုတ်ပြည်သူတွေနဲ့ တရုတ်နိုင်ငံကို မခြောက်လှန့်နိုင်ဘူး။”လို့ ပြောကြားခဲ့ပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; nzherald