club ပဲသွားသွားBar ပဲသွားသွား တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့အသိရှိပြီး အမြဲတော်လှန်နေဖို့ ပြောတဲ့ မေဦး…


club ပဲသွားသွားBar ပဲသွားသွား  တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့အသိရှိပြီး အမြဲတော်လှန်နေဖို့ ပြောတဲ့ မေဦး…

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တော်လှန်ရေးအရေးတော်ပုံကြီးဟာဆိုရင် ရက်ပေါင်း ၁၀၀ကျော်ကြာမြင့်နေပြီလည်းဖြစ်သလို သေဆုံးသူတွေနဲ့ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်းအများအပြားရှိနေတာပါ။ အခုလိုမျိုး ပြည်သူတွေက အသက်တွေရင်းပြီးတော်လှန်နေကြပေမယ့် အချို့လူငယ်တွေကတော့ Barသွား Clubသွားကြရင်း အချိန်ကုန်နေကြတာလည်းတွေ့ရပါတယ်။


ရန်ကုန်မြို့ကြီးမှာဆိုရင်လည်း Martial lawချိန်ကျော်တဲ့အချိန်တွေထိ clubတွေမှာလူစည်ကားနေပြီး သောက်စားမူးယစ်နေကြတဲ့သူတွေအပြင် လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း အလှပုံတွေတင်ကြကာ မင်္ဂလာဆောင်အလှူအတန်းတွေနဲ့လည်း စည်ကားနေတာတွေ့ရပါတယ်။မိတ်ကပ်ပညာရှင်အဖြစ် အောင်မြင်မှုများစွာ ရရှိထားတဲ့ မေဦးကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့တာမို့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရသူပဲ ဖြစ်ပါတယ်။


အရေးတော်ပုံအောင်မြင်ဖို့အတွက် ခိုင်မာပြတ်သားတဲ့ ယုံကြည်မှုတွေကြောင့် မေဦးက Gen Zလူငယ်လေးတွေနဲ့အတူ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေတာလည်းဖြစ်ပါတယ်နော်။ ပြည်သူချစ်အနုပညာရှင်အဖြစ်ကနေ ပြည်သူကိုအကာအကွယ်ပေးတဲ့ အနုပညာရှင်အနေနဲ့ ရဲရဲဝင့်ဝင့်ရပ်တည်လာတဲ့ မေဦးရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကတော့ တကယ်ကိုလေးစားဖို့ကောင်းပါတယ်။


အခုလို အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက်ကြိုးစားနေကြချိန်မှာ Barသွား Clubသွားရင်းအချိန်ကုန်နေကြတာမျိုးမဖြစ်စေဖို့အတွက် မေဦးကသူ့ရဲ့Facebookစာမျက်နှာမှာ “club ပဲသွားသွားBar ပဲသွားသွားအလှပုံပဲ တင်တင်မင်္ဂလာပဲ ဆောင်ဆောင်တော်လှန်ရေး မပြီးသေးဘူးလို့သတ်မှတ်ထားပြီး တက်နိုင်တဲ့နေရာကတက်နိုင်သလောက်ဝိုင်းဝန်းကူညီပေး“နိုင်ကိုနိုင်ပြီ “……” ဆိုပြီး ခွန်အားဖြစ်စရာစာလေးရေးသားကာ သွေးမအေးသွားဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….။


သတင်းအရင်းမြစ်: May Oo’s Facebook acc