တရုတ်တနိုင်ငံတည်း မူအပေါ် မြန်မာရပ်တည်ချက် ထိုင်ဝမ်ကန့်ကွက်

2020-01-20 14:25:49


တရုတ်တနိုင်ငံတည်း မူအပေါ် မြန်မာရပ်တည်ချက် ထိုင်ဝမ်ကန့်ကွက်

တရုတ်တနိုင်ငံတည်း မူအပေါ် မြန်မာရပ်တည်ချက် ထိုင်ဝမ်ကန့်ကွက်

တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်းနဲ့ ထိုင်ဝမ်ဟာ တရုတ်ကနေ ခွဲထွက်မရတဲ့ အစိတ်အပိုင်းအဖြစ် သုံးနှုန်းထားတဲ့ တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်း မဟုတ်ကြောင်း၊ ပြည်သူတွေ ရွေးကောက်ထားတဲ့ ထိုင်ဝမ်အစိုးရသာလျှင် ကမ္ဘာ့မျက်နှာစာမှာ ထိုင်ဝမ်ကို ကိုယ်စားပြုနိုင်ကြောင်းလည်း ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။

“မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်တနိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံမှ ခွဲထွက်၍မရသည့် အစိတ်အပိုင်းများ ဖြစ်ကြသော ထိုင်ဝမ်၊ တိဘက်နှင့် ရှန်ကျန်းကိစ္စများ ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးသည့် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ပါသည်” ဆိုပြီး တရုတ်သမ္မတရဲ့ မြန်မာခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြခဲ့တာပါ။

ဒီလို မမှန်မကန် ဖော်ပြမှုတွေဟာဆိုရင် ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို သေးသိမ်စေတယ်လို့ ဆိုပြီးလည်း ထိုင်ဝမ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Joanne Ou က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

Crd# Bamakhit