သင်္ဂြိုဟ်စရာ မြေကျင်းဖိုးမပေးနိုင်လို့ ကလေးအလောင်းကို အမြှုပ်မခံတဲ့သချႋုင်း

2020-01-20 14:28:42


သင်္ဂြိုဟ်စရာ မြေကျင်းဖိုးမပေးနိုင်လို့ ကလေးအလောင်းကို အမြှုပ်မခံတဲ့သချႋုင်း

သင်္ဂြိုဟ်စရာ မြေကျင်းဖိုးမပေးနိုင်လို့ ကလေးအလောင်းကို အမြှုပ်မခံတဲ့သချႋုင်း

မလေးရှားနိုင်ငံ Sabah ပြည်နယ်က သချႋုင်းတစ်ခုမှာ ဆင်းရဲသားကျော်မွဲတစ်ယောက်နဲ့ သချႋုင်းတာဝန်ရှိသူတွေအကြား ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ သချႋုုင်းစောင့်တွေဟာ အသုဘရှင်ဖခင်ဖြစ်သူက သင်္ဂြိုဟ်စရာမြေဖိုး မပေးနိုင်လို့ ကလေးအလောင်းကို သူတို့ သချႋုင်းမှာ မသင်္ဂြိုဟ်ဖို့ တားဆီးခဲ့တာ ဖြစ်ပါတယ်။

ကလေးဟာ မွေးကင်းစအရွယ် မီးတွင်းကထွက်လို့ ရက်ပိုင်းအကြာမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။ ရွာခံလူကြီးတွေက ဒီသချႋုင်းမှာ သင်္ဂြိုဟ်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးရမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ကလေးဖခင်ဖြစ်တဲ့ Abam Botak ကိုယ်တိုင် လူမှုကွန်ရက် တင်ခဲ့ပါတယ်။

Abam ရဲ့အဆိုအရ ” ကျွန်တော့်ရဲ့ ဘာသာကိုးကွယ်မှုနဲ့ နယ်မြေကို ချစ်ပါတယ် … ကျွန်တော့်အဖေက Kadazan-Murut Muslim ဘာသာ ကိုးကွယ်သူပါ … အမေက Sungai တိုင်းရင်းသားပါ … ကျွန်တော်ရဲ့ သွေးကြောထဲမှာ Sabah သွေးတွေ အပြည့် စီးဆင်းနေပါတယ် … “လို့ ရေးခဲ့ပါတယ်။

သူက ဆက်လက်ပြီး “နောက်ပြီး ဒီက ညီအစ်ကိုရောင်းရင်းတို့ရဲ့ နွေးထွေးမှုတွေကိုလည်း ချစ်ပါတယ် … ဒေသခံတွေရဲ့ သာတူညီမျှမှုနဲ့ မေတ္တာတရားတွေ၊ အလ္လာရဲ့ ဖန်တီးမှုအနုပညာတွေကို ချစ်ပါတယ် … ဒီလို လူတစ်ယောက်ကိုမှ လုပ်ရပ်ကြတယ်ဗျာ … “လို့ ရေးခဲ့ပါတယ်။

ကလေးသေဆုံးသွားတဲ့အတွက် ဓမ္မဆရာပင့်ဖို့ကိုလည်း မတက်နိုင်၊ မြေးကျင်းဝယ်ဖို့ကလည်း စျေးက အလွန်ကြီးပါသတဲ့။ နောက်ပြီး သူ့မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်း ရွာခေါင်းဆောင်တွေထံ မတင်ပြနိုင်လို့ ရွာက ကလေးအလောင်းကို မြှုပ်နှံခွင့် ငြင်းပယ်ခဲ့ပါတယ်။
 
နောက်ဆုံးတော့ Abam ဟာ ကလေးအလောင်းကို Sim-sim က သချႋုုင်းမှာ သွားရောက်သင်္ဂြိုဟ်ခဲ့ရပါတယ်။ အဆိုပါ သချႋုင်းကတော့ လိုအပ်တဲ့ ကိစ္စအဝဝရယ်၊ ဓမ္မဆရာပင့်ဖို့အတွက် ငွေကြေးကအစ အစစအရာရာ စိုက်ပြီးလှူခဲ့ပါတယ်။ သူတို့နယ်နဲ့ နယ်ချင်းကပ်မှာ Sim-sim က တည်ရှိပါတယ်။ Abam ကတော့ ကူညီသူတွေကို ကျေးဇူးတင်နေပါတယ်။

Crd# လင်းဇော်ကို (D Nae Khit)