ချက်နိုင်ငံရှိ မသန်စွမ်းဂေဟာတခု မီးလောင်၊ ၈ ဦး သေဆုံး

2020-01-20 15:40:26


ချက်နိုင်ငံရှိ မသန်စွမ်းဂေဟာတခု မီးလောင်၊ ၈ ဦး သေဆုံး

ချက်နိုင်ငံရှိ မသန်စွမ်းဂေဟာတခု မီးလောင်၊ ၈ ဦး သေဆုံး

ချက်သမ္မတနိုင်ငံအနောက်မြောက်ပိုင်းမှာ ဇန်နဝါရီ ၁၉ ရက် အစောပိုင်းက မသန်စွမ်းဂေဟာ တခု မီးလောင်ခဲ့လို့ လူ ၈ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရတယ်လို့ မီးသတ်နဲ့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။

ပရဂ်မြို့တော်အနောက်မြောက်ပိုင်း မိုင် ၈၀ အကွာ ဂျာမနီနိုင်ငံနဲ့ နယ်စပ်မြို့ ဗေပရက်တေက အမျိုးသားအများစု နေထိုင်တဲ့ဂေဟာမှာ မီးလောင်ခဲ့တာပါ။

မီးလောင်ချိန် အဲဒီဂေဟာမှာ လူ ၃၅ ယောက်ရှိနေပြီး ရဲအရာရှိ ၁ ယောက်နဲ့ ဝန်ထမ်း ၃ ယောက်လည်း ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မြို့တော်ဝန်က “လွန်ခဲ့တဲ့ ၂ လကမှ ဂေဟာအဆောက်အအုံမှာ မီးဘေးအရေးပေါ်ထွက်ပေါက် တံခါး အသစ်တွေ တပ်ဆင်ခဲ့တာပါ။ မီးလောင်ချိန်မှာလည်း မီးဘေးကင်းရှင်းရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Crd# DVB TV News