တစ်ကမ္ဘာလုံး အဆက်အသွယ်တွေ ပြတ်တောက်သွားရင်တောင်မှ ၄င်းတို့၏ အင်တာနက်စနစ်က အလုပ်လုပ်နိုင်ဟု ရုရှားပြော

2020-01-20 17:25:27


တစ်ကမ္ဘာလုံး အဆက်အသွယ်တွေ ပြတ်တောက်သွားရင်တောင်မှ ၄င်းတို့၏ အင်တာနက်စနစ်က အလုပ်လုပ်နိုင်ဟု ရုရှားပြော

တစ်ကမ္ဘာလုံး အဆက်အသွယ်တွေ ပြတ်တောက်သွားရင်တောင်မှ ၄င်းတို့၏ အင်တာနက်စနစ်က အလုပ်လုပ်နိုင်ဟု ရုရှားပြော

ရုရှနိုင်ငံဟာ ကမ္ဘာအဝန်းကွန်ရက်နဲ့ အဆက်ပြတ်နေရင်တောင်မှ ၄င်းရဲ့ အင်တာနက်ဝန်ဆောင်မှုဟာ အလုပ်လုပ်နိုင်ကြောင်းကို စမ်းသပ်မှုတွေ တစ်သီတစ်တန်းကြီး ပြုလုပ်ခဲ့ပြီးပြီဖြစ်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီး အလက်ဆီ ဆိုကိုလဗ်က ပြောကြားခဲ့ပါတယ်။

သီးသန့်ဖွဲ့စည်းထားတဲ့ ကွန်ရက်တွေကို ရက်အတော်ကြာ ဆန်းစစ်မှုဟာ ရုရှက အမေရိကန် ဆိုက်ဘာလုံခြုံရေးနည်းဗျူဟာရဲ့ ရန်လိုတဲ့ သဘာဝလို့ ယူဆနေတဲ့ လှုပ်ရှားမှုကို တုန့်ပြန်တဲ့အနေနဲ့ နိုဝင်ဘာလက အဆိုပြုခဲ့တဲ့ အချုပ်အခြာပိုင်အင်တာနက်ဥပဒေကြမ်းအပြီးမှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဥပဒေအရ နိုင်ငံတော်ပိုင်အဖွဲ့အစည်းများနဲ့ လုံခြံုရေးဝန်ဆောင်မှုများသာမက ဆက်သွယ်ရေးအော်ပရေတာများ၊ စာတိုပေးပို့သူများနဲ့ အီးမေးလ်ပို့သူအားလုံးဟာ ပုံမှန်အင်တာနက်သုံးစွဲသူတွေကိုမထိခိုက်စေတဲ့ စမ်းသပ်မှုမှာပါ၀င်ရမှာ ဖြစ်ပါတယ်။

‘ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ဘယ်လိုအခြေအနေမျိုးမှာမဆို ရုရှားပိုင်နက်ထဲမှာ မပြတ်တမ်းအင်တာနက်ဝန်ဆောင်မှုပေး ဖို့ပဲ’’လို့ ဆိုကိုလဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

“ဆန်းစစ်မှုတွေရဲ့ ရလဒ်တွေအရ အစိုးရဌာနတွေနဲ့ ဆက်သွယ်ရေးအော်ပရေတာတွေဟာ ခြိမ်းခြောက်မှုအန္တရာယ်တွေကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ဖို့ အဆင်သင့်အနေအထားမှာ ရှိသလို အင်တာနက်နဲ့ ဆက်သွယ်ရေးတွေ ထိထိရောက်ရောက် အလုပ်လုပ်နိုင်တယ်ဆိုတာလည်း သေချာတယ်”လို့ ဆိုကိုလဗ်က ပြောကြားခဲ့ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်မှုရဲ့ ရလဒ်တွေကို သမ္မတ ဗလာဒီမီယာ ပူတင် စဉ်းစားနိုင်အောင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပေးရမှာဖြစ်တယ်လို့လည်း ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Crd# Writer_Aung Moe ( XYZ NEWS )