ထိုင်းတွင် တောမီးရှို့သူများ ဒဏ်ငွေ ဘတ် ၂ သန်း၊ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်

2020-01-21 11:25:23


ထိုင်းတွင် တောမီးရှို့သူများ ဒဏ်ငွေ ဘတ် ၂ သန်း၊ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်

ထိုင်းတွင် တောမီးရှို့သူများ ဒဏ်ငွေ ဘတ် ၂ သန်း၊ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ မည်သူမဆို တောမီးရှို့တာ၊ လေဟာနယ်မှာ မီးရှို့တာတွေ လုပ်တာတွေ့ရင် ငွေဒဏ် ဘတ် ၂ သန်းထိ ဒါမှမဟုတ် ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရမယ်လို့ ချင်းမိုင်ဒုခရိုင်ဝန်က ပြောပါတယ်။

ထိုင်းမြောက်ပိုင်းဒေသမှာ နှစ်စဉ် ဇန်နဝါရီကနေ မေလထိ ကာလတွေအတွင်း သစ်တောကြိုးဝိုင်းထဲ၊ သဘာဝအမျိုးသားဥယျာဉ်တွေ၊ တောတောင်ထဲမှာ တောမီးလောင်တာ၊ တောင်ယာမီးရှို့တာ၊ စည်းကမ်းမဲ့ အမှိုက်မီးရှို့တာတွေ ဖြစ်ပွားလေ့ရှိတာကြောင့် သဘာဝသယံဇာတ ဆုံးရှုံးတာ၊ သားရဲတိရစ္ဆာန်တွေ အသက်ဘေး ကြုံခြင်းတွေ ဖြစ်ရသလို မီးခိုးငွေ့တွေ မွှန်ကာ လေထုညစ်ညမ်းမှုတွေ ဖြစ်လေ့ရှိတာကြောင့် အဆိုပါဖြစ်ရပ်တွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တောမီးရှို့ပြီး အမဲလိုက်တာ၊ လေဟာပြင်ထဲ အမှိုက်သရိုက် မီးရှို့တာတွေ လုံးဝမပြုဖို့ ချင်းမိုင်ဒုခရိုင်ဝန် နိုင်းခုမ်းဆိုင် ဆုဝမ်း အမ်းဖားက သတင်း‌ထောက်တွေကို ပြောကြားခဲ့တယ်လို့ cm108. ချင်းမိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

မိမိနယ်မြေထဲမှာ တောမီးရှို့တာ စောင့်ကြည့်ကြပ်မတ်ဖို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားထားပြီး တောမီးလောင်တာ၊ မီးရှို့တာတွေ တွေ့ရင် နီးစပ်ရာ ရဲစခန်းနဲ့ သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားဖို့လည်း ဒုခရိုင်ဝန်က တိုက်တွန်းထားပါတယ်။

အထက်ပါ တားမြစ်ချက်တွေကို ကျုးလွန်ပါက ဥပဒေအရ ငွေဒဏ်အနည်းဆုံး ဘတ် ၁ သောင်းမှ ၂ သန်းထိ၊ ထောင်ဒဏ် အနည်းဆုံး ၃ လမှ အများဆုံး နှစ် ၂၀ ထိ ပြစ်ဒဏ်အနည်းအများအလိုက် ကျခံရမယ်လို့ ဒုခရိုင်ဝန်က ပြောပါတယ်။

Crd# xyz news
ကိုးကား – www.cm108.com
(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)