လေးဦးမြောက် လူ သေဆုံးပြီးနောက်မှာ ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ်ဆန်းက လူလူချင်း ကူးစက်နိုင်လို့ တရုတ် ပြောလာ

2020-01-21 11:27:43


လေးဦးမြောက် လူ သေဆုံးပြီးနောက်မှာ ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ်ဆန်းက လူလူချင်း ကူးစက်နိုင်လို့ တရုတ် ပြောလာ

လေးဦးမြောက် လူ သေဆုံးပြီးနောက်မှာ ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ်ဆန်းက လူလူချင်း ကူးစက်နိုင်လို့ တရုတ် ပြောလာ

ကိုရိုနာဗိုင်းရပ်စ်ပိုးဆန်းတစ်မျိုးကနေ ဖြစ်ပွားတဲ့ နမိုးနီးယားရောဂါသစ်တစ်မျိုးကို စုံစမ်းစစ်ဆေးနေတဲ့ တရုတ်တာဝန်ရှိသူတစ်ဦးဟာ ဒီ ရောဂါပိုးဆန်းဟာ လူကနေ အခြားလူတစ်ဦိးထံ ကူးစက်နိုင်တယ်လို့ အတည်ပြုပြောပေမယ့် သတိကြီးကြီးထား ကိုင်တွယ်သွားပါက ပြန့်နှံ့မှု ရပ်တန်နိုင်ကြောင်း ပြောပါတယ်။

ခုလို ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ်ဆန်းဟာ လူလူချင်း ကူးစက်နိုင်တယ်လို့ ပြောလာတာဟာ ဒီ ဗိုင်းရပ်စ်ဆန်းကြောင့် လေးဦးမြောက်လူ သေဆုံးကြောင်း အင်္ဂါနေ့မှာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်အပြီးမှာပဲ ဖြစ်ပါတယ်။

ကြိုတင်ကာကွယ်မှု လုပ်နိုင်ရင် လုပ်နိုင်သလောက် တရုတ်နိုင်ငံကနေပဲ စတင်ပြီး ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တွေမှာ ကူးစက်ပြန့်နှံ့လို့ လူပေါင်း ၈၀၀ နီးပါး သေဆုံးခဲ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ SARS ရောဂါ တစ်ကျော့ပြန်လာနိုင်မယ် အန္တရာယ်မျိုး မရှိဘူးလို့ ကျောင်နန်ရှန့်က ပြောပါတယ်။

“ဒီ ကိုရိုနာဗိုင်းရပ်စ်ဆန်းကို သီတင်းနှစ်ပတ်လောက်နဲ့ ခွဲသိနိုင်ပါတယ်။”လို့ နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ကျောင်နန်ရှန့်ကို ကိုးကားပြီး တနင်္လာနေ့ နှောင်းပိုင်းမှာ ဖော်ပြပါတယ်။

အခု ပြန့်နှံ့မှုဟာ အစောပိုင်း အခြေအနေတာ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ ကောင်းစွာ စောင့်ကြည့်နေသလို ဒီ ဗိုင်းရပ်စ်ပိုးဆန်းကို ထိန်းချုပ်ခိုင်ဖို့ ရောဂါခြေချုပ်စနစ်ကိုလည်း ထားရှိကျင့်သုံးနေကြောင်း ၎င်းက ပြောပါတယ်။

ဝူဟန်မြို့ကနေ စတင်တဲ့ ဒီရောဂါပိုးဆန်းဟာ ပေကျင်းနဲ့ ရှန်ဟိုင်းအပါအဝင် မြို့ကြီးတွေဆီအထိ ပြန့်နှံ့ပြီး ခုချိန်ထိ ကူးစက်ခံရသူပေါင်း ၂၀၀ ကျော် ရှိနေပါတယ်။

တရုတ်ပြင်ဖက် တောင်ကိုရီးယား၊ ထိုင်းနဲ့ ဂျပန်တို့မှာလည်း ကူးစက်ခံရသူ လေးဦး ရှိထားပြီ ဖြစ်ပါတယ်။

ဒီသီတင်းပတ်မှာ လနှစ်သစ်ကူးပွဲတော်အတွက် တရုတ်ခရီးသွားတွေ ပြည်ပထွက်ခွာနေကြတာ ဖြစ်တာကြောင့် ဒီရောဂါပိုးဟာ တစ်ကမ္ဘာလုံး ပြန့်နှံ့သွားမှာ စိုးရိမ်နေရချိန်မှာ ဩစတြေးလျနိုင်ငံက ဝူဟန်မြို့က လေယာဉ်နဲ့ လာတဲ့ ခရီးသည်တွေကို ကျန်းမာရေးစက္ကရင်ဖတ်သွားမှာဖြစ်တယ်လို့ အင်္ဂါနေ့မှာ ကြေညာပါတယ်။

အမေရိကန်နဲ့ အာရှနိုင်ငံတော်တော်များများ အပါအဝင် ကမ္ဘာတစ်လွှားက အစိုးရတွေဟာလည်း ဝူဟန်က ခရီးသွားတွေကို စက္ကရင်ဖတ်တာတွေ စတင်လုပ်ဆောင်လျက် ရှိပါတယ်။

တရုတ်အာဏာပိုင်တွေ အတည်ပြုချက်အရတော့ တနင်္လာနေ့ ညနေ ၆ နာရီအထိ အခု ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၁၇ ဦး ရှိရာမှာ ဝူဟန်မြို့မှာတင် ၁၉၈ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

Crd# မောင်သံဆင့်(XYZ News)
Rf; Reuters