အီရတ်က လုံခြုံရေးအထူးတင်းကြပ်ရာ ဂရင်းဇုန်အရပ်ရှိ အမေရိကန်သံရုံးနား ဒုံးကျည်သုံးစင်း ကျရောက်ထိမှန်

2020-01-21 11:30:42


အီရတ်က လုံခြုံရေးအထူးတင်းကြပ်ရာ ဂရင်းဇုန်အရပ်ရှိ အမေရိကန်သံရုံးနား ဒုံးကျည်သုံးစင်း ကျရောက်ထိမှန်

အီရတ်က လုံခြုံရေးအထူးတင်းကြပ်ရာ ဂရင်းဇုန်အရပ်ရှိ အမေရိကန်သံရုံးနား ဒုံးကျည်သုံးစင်း ကျရောက်ထိမှန်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က လုံခြုံရေးအထူးတင်းကြပ်ရာ ဂရင်းဇုန်အရပ်မှာ ရှိတဲ့ အမေရိကန်သံရုံးနား ဒုံးကျည်သုံးစင်း ကျရောက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။
ဒီလို ဒုံးကျည်ပစ်လွှတ်ခံရပေမယ့် သေကျေပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

ဒုံးကျည်ကျရောက်တာနဲ့ ဂရင်းဇုန်အရပ်တစ်ခုလုံး ဥဩဆွဲသံတွေ ကြားရကြောင်း မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
အချို့သော သတင်းတွေမှာတော့ ဒုံးကျည်သုံးစင်းမဟုတ်ဘဲ နှစ်စင်း ကျရောက်ထိမှန်တာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ကာလတွေမှာလည်း အလားတူတိုက်ခိုက်မှုတွေ ဖြစ်ပွားထားတာပါ။ အမေရိကန်ကတော့ ဒါတွေဟာ အီရန်လက်ချက်ဖြစ်တယ်လို့ အပြစ်ဆိုပါတယ်။
အီရန်ကတော့ ဒီလို တိုက်ခိုက်တာမျိုးတွေအတွက် တာဝန်ခံရမယ်ဆိုတဲ့ စွဲဆိုချက်တွေကို အမြဲပဲ ငြင်းဆန်ထားတာပါ။

ခုလို ကန်သံရုံးနား ဒုံးကျည်ကျရောက်ထိမှန်တာဟာ အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီ ကျဆုံးခဲ့ရတာကို သတိချပ်စရာ ဖြစ်စေပါတယ်။

ဗိုလ်ချုပ်ကြီး ဆိုလီမာနီကို အမေရိကန်ရဲ့ သတ်ဖြတ်မှုကြောင့် အီရန်ဟာ လက်တုံ့ပြန်ပြီး အီရတ်က အမေရိကန်စစ်စခန်းနှစ်ခုကို ဒုံးကျည်တိုက်ခိုက်မှုတွေ မကြာသေးတဲ့ အချိန်တုန်းက တိုက်ခိုက်ထားတာမို့ နှစ်နိုင်ငံကြား တင်းမာမှု ရေချိန် မြင့်မားလျက် ရှိတာ ဖြစ်ပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; One India