ကျွန်တော်တို့ ‘အခွန်ယဉ်ကျေးမှု’ သုံးကြရအောင်။ အခွန်လို့ ပြောလို့ လန့်သွားပြီလား..


ကျွန်တော်တို့ ‘အခွန်ယဉ်ကျေးမှု’ သုံးကြရအောင်။ အခွန်လို့ ပြောလို့ လန့်သွားပြီလား..

အခုအချိန်မှာ ကျွန်တော်တို့တွေ ဝင်ငွေမရှိကြဘူး၊ ဆင်းရဲလာကြပြီ၊ ခြိုးခြံချွေတာလာရပြီ မှန်တယ်။တစ်ဖက်ကလည်း သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ... စကစအကြမ်းဖက်ရန်က ကာကွယ်ရေးတွေ... ရိက္ခာအထောက်အပံ့တွေ... CDM တွေ စတဲ့ ဒုက္ခပေါင်းများစွာလည်း ရှိနေတယ်။စစ်ဘေးရှောင် မဟုတ်ပေမယ့် စစ်ရဲ့ ဘေးထွက်ဒဏ်ကြောင့် အငတ်ဘေးစိုက်နေရသူတွေလည်း အများကြီး။စစ်ရှောင် IDP တွေဆိုလည်း I- double/ triple D- P တွေပါ ဖြစ်ကုန်ပြီ။ Internally Displaced ကိုမှ ထပ်ပြီး Displace လုပ်နေရတဲ့ person တွေ။ စစ်ရှောင်စခန်းတွေပါ တိုက်ခိုက်ခံနေရတယ်။နောက်ထပ် တရားဝင် IDP camp တွေလည်း လိုနေတယ် (ပြောသာပြောတယ်... စကစအကြမ်းဖက်တွေကတော့ တရားဝင် IDP camp လည်း အမိုးပြာမကလို့ ဘာအရောင်ဖြစ်ဖြစ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဝတ်ပြုကျောင်း၊ ချရှ်တွေပါ ချန်တဲ့ကောင်တွေ မဟုတ်ဘူး)။ဆိုတော့ ဒီလိုအချိန်မှာ ကျွန်တော်တို့ လူသားအချင်းချင်း ကူညီဖို့ မဖြစ်မနေလိုနေတယ်။ ဒါက ‘ငါက နိုင်ငံရေး ကင်းရှင်းတယ်’ တို့၊ ‘ငါက နိုင်ငံခြားသွားမှာမို့လို့’ တို့၊ ‘ငါ့အလုပ်က international က လူတွေနဲ့ပဲ ဆိုင်တာမို့လို့’ တို့နဲ့ မဆိုင်ဘူး။အနည်းဆုံးတော့ ကိုယ်ခြေချထားတဲ့ ပထဝီမြေပေါ်မှာ အကြီးအကျယ် ဒုက္ခရောက်နေတဲ့ လူသားတွေကို ကူညီပေးဖို့ လူသားတစ်ယောက်အနေနဲ့ ကိုယ့်မှာ တာဝန်ရှိတယ်။


ဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ခြိုးခြံချွေတာနေရတဲ့အချိန်မှာ ငွေကြေးအားဖြင့် ဘယ်လိုထောက်ပံ့ကြမလဲ? နည်းတစ်ခုအနေနဲ့ အခွန်ယဉ်ကျေးမှုကို သုံးလို့ရတယ်။ဒီမှာတော့ ဝင်ငွေနဲ့မတွက်ဘဲ ထွက်ငွေ/ သုံးငွေနဲ့ တွက်ကြမယ်။ကျွန်တော်တို့ ထွက်ငွေ/ သုံးငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို ထောက်ပံ့ငွေအတွက် အမြဲဖယ်ထားမယ်။ သုံးငွေရဲ့ ၅၀% ဆိုကြည့်ပါစို့။ဥပမာ - ကျွန်တော်တို့ ထမင်းတစ်နပ် ၂၀၀၀ ဖိုး စားမယ်ဆိုရင် ၂၀၀၀ ကျပ်ကို ထမင်းစားပြီး အဲဒီ့ရဲ့တစ်ဝက်စာ ၁၀၀၀ ကျပ်ကို ထောက်ပံ့ငွေအတွက် ဖယ်ထားမယ်။ ဒါဆို ထမင်းတစ်နပ်အတွက် ကုန်ကျစရိတ် ပေါင်း ၃၀၀၀ ကျပ် ကုန်မယ်။ တတ်နိုင်ရင် အိိုခေ။ အဲ့လို မဟုတ်ဘဲ... ကိုယ်က ပေါင်း ၂၀၀၀ ကျပ်ပဲ တတ်နိုင်မယ်ဆိုလည်း ၁၃၀၀ ကျပ်ဖိုးစားပြီး ၇၀၀ ကျပ်ဖိုးကို ထောက်ပံ့မယ်။ဥပမာ - တော်လှန်ရေးကာလထဲ ကိုယ်က 10usd တန် ဂိမ်းကို ဝယ်ဆော့မယ်ဆိုပါစို့။ 10usd ကို ဂိမ်းဝယ်ပြီး 5usd ကို ထောက်ပံ့ငွေအတွက် ဖယ်လိုက်မယ်။ ပေါင်း 15usd ပေါ့။ ကိုယ်က စုစုပေါင်း 10usd ပဲ တတ်နိုင်မယ်ဆိုလည်း 7usd ဖိုးပဲ ဂိမ်းဝယ်ပြီး 3usd ကို ထောက်ပံ့မယ်။ ဟင့်အင်း ဟင့်အင်း... ကိုယ်က အဲဒီ့ 10usd တန် ဂိမ်းကိုပဲ ဝယ်မှာဆိုရင်လည်း 15usd ရတဲ့အထိ စု... ပြီးမှ တစ်ခါတည်း 10usd တန် ဂိမ်းဝယ်ပြီး 5usd ကို ထောက်ပံ့။အင်္ကျီဝယ်မလား၊ အလှဓာတ်ပုံ ရိုက်မလား၊ grocery ဝယ်မလား၊ ဘယ်နေရာမှာ သုံးသုံး... အတူတူပဲ။ သုံးငွေ/ ထွက်ငွေတိုင်းမှာ ထောက်ပံ့ငွေအတွက် % အတိုင်း ဖယ်ထားမယ်။ဒါဆိုရင် ကိုယ့်အသုံးစရိတ်ကိုလည်း ချွေတာပြီးသားဖြစ်သလို အများအတွက် ထောက်ပံ့ပြီးသားလည်း ဖြစ်သွားမယ်။


% ကတော့ ဘယ်သူမှ အတင်းအကြပ်ခိုင်းတာမဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်တဲ့ ယဉ်ကျေးမှုလေးမို့လို့ ကိုယ့်အခြေအနေနဲ့ အဆင်ပြေမယ့် % တစ်ခု ကိုယ့်ဘာသာ fix သတ်မှတ်ထားလို့ရတယ်။ ၁၀၀% (ကိုယ့်အသုံးစရိတ် တစ်စ၊ ထောက်ပံ့ငွေ တစ်စ) ပဲထားထား၊ ၁၀% ပဲ ထားထား... နိုင်သလောက်ပေါ့။ ဝင်ငွေနဲ့တွက်တာမဟုတ်ဘဲ ကိုယ့်ထွက်ငွေထဲကနေ ခွဲဝေထောက်ပံ့တာဆိုတော့။ကိုယ်က တတ်နိုင်နေရင်တော့ အခုလို လူပေါင်းများစွာ အရေးတကြီး အင်တိုက်အားတိုက် ထောက်ပံ့မှုတွေ လိုနေတဲ့အချိန်မှာ ပုံမှန်အခွန်ငွေတွေလို အသုံးစရိတ်ရဲ့ ၂%၊ ၅% နှုန်းလောက်ကလေးတွေတော့ သိပ်မလုပ်စေချင်ဘူး။ ကိုယ်နိုင်ရင် နိုင်သလောက်ကို တင်စေချင်တယ်။အဲ့လောက်တောင်ပဲလား။ အင်း ဟုတ်တယ်... အဲ့လောက်တောင်ပဲ။ တော်လှန်ရေးက တန်ဖိုးကြီးတယ်။အများတကာ ကိုယ့်အိုး ကိုယ့်အိမ်၊ ကိုယ့်မိသားစု တစ်ခုလုံးကို စွန့်လွှတ်၊ ကိုယ့်ဘဝကို စတေးပြီး ပြည်သူ့ကာကွယ်ရေးတပ်ထဲဝင်ပြီး လှုပ်ရှားရင်း ထမင်းတနပ်ဖိုးအတွက် အကူအညီလေးတောင်းနေရတာ၊ ကိုယ်က ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ အတူနေရင်း သူများအတွက် ထမင်းတစ်နပ်ဖိုးလေး ဘာလို့ မထောက်ပံ့ပေးနိုင်ရမှာလဲ၊ ဒီလောက်မှ ဘာလို့ မမျှဝေ၊ မခံစားဘဲ နေနိုင်ရမှာလဲ (ဒါက နိုင်ငံရေးခံယူချက်နဲ့ မဆိုင်ဘူး၊ လူတစ်ဦးအပေါ်တစ်ဦး ဘယ်လောက် လူသားဆန်လဲဆိုတဲ့ပေါ် မူတည်တယ်)။(ကိုယ့်အိမ်/ အသိုင်းအဝိုင်းမှာ Gen L တွေ ရှိရင်လည်း သူတို့ကို ဟိုစကစဆက်ကြေးတွေအစား ဒီအခွန်ယဉ်ကျေးမှုလေးအကြောင်း စကားလက်ဆင့် ကမ်းပေးကြမယ်။ နောက်ဆုံး သူ့ တစ်ကျပ်အသုံးစရိတ်ရဲ့ တစ်ပြားရရ၊ နှစ်ပြားရရကွာ။ Gen L ဆိုတာ လူကြီးမှ မဟုတ်ဘူး၊ လူငယ်တွေထဲမှာလည်း ပေါ်တင် Gen L တွေရော၊ ပတ်ဝန်းကျင်ကြောင့် Gen L မဟုတ်ချင်ယောင်ဆောင်နေတဲ့ ဟန်ဆောင်လူငယ်တွေရော ရှိတယ်။)ဒီလိုပဲ ကိုယ်ကိုယ်တိုင်က ဝင်ငွေမရှိ၊ အကုန်စွန့်လွှတ်ပြီး တော်လှန်ရေးထဲ တနည်းနည်းနဲ့ ပါဝင်လှုပ်ရှားနေသူ၊ စစ်ရှောင်နေရသူ စသဖြင့် ဖြစ်နေရင်လည်း အကူအညီတောင်းဖို့ အားနာမနေနဲ့၊ မရှက်နဲ့၊ guilt မဖြစ်နဲ့... တောင်းပလိုက်။ ဒို့တတွေ ပေးပလိုက်မယ် (ပေးနိုင်အောင်လည်း manage လုပ်ထားကြမယ်)။ကျွန်တော်တို့...ချွေတာကြမယ်၊ ကူညီကြမယ်၊ ရှာကြံကြမယ်၊ တော်လှန်ကြမယ်။အရေးတော်ပုံ အောင်ရမယ်။


#SpringRevolution#Myanmar#NKS