အီရတ်က အမေရိကန်စစ်စခန်းတွေကို အီရန် ဒုံးကျည်တိုက်ခိုက်ရာမှ ရုရှကူညီခဲ့

2020-01-21 11:38:40


အီရတ်က အမေရိကန်စစ်စခန်းတွေကို အီရန် ဒုံးကျည်တိုက်ခိုက်ရာမှ ရုရှကူညီခဲ့

အီရတ်က အမေရိကန်စစ်စခန်းတွေကို အီရန် ဒုံးကျည်တိုက်ခိုက်ရာမှ ရုရှကူညီခဲ့

အိမ်နီးချင်း အီရတ်နိုင်ငံထဲက အမေရိကန်စစ်စခန်းကို ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်ရာမှာ အီရန်နိုင်ငံက ရုရှရဲ့ အာကာသနည်းပညာကို ရယူအသုံးပြုခဲ့တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး အစ္စရေး Debka သတင်းက ဖော်ပြကြောင်း BulgarianMilitary.com က ဖော်ပြပါတယ်။

“ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်လေတပ်စခန်းနှစ်ကို အီရန်က ဒုံးကျည်တိုက်ခိုက်ရာမှာ ပစ်မှတ်တိကျစွာ ထိမှန်ဖို့ ရုရှက အီရန်ကို အကူအညီ ပေးခဲ့တယ်လို့ ရုရှစစ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန်က GPS စနစ်နဲ့ တူညီတဲ့ ရုရှရဲ့ ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းပြကွန်ရက်ဖြစ်တဲ့ Glonass စနစ်ကို ရုရှက အီရန်ကို ထောက်ပံ့ပေးခဲ့တာလို့ ရုရှသတင်းရင်းမြစ်က ဆိုပါတယ်။”လို့ Debka သတင်းက ဖော်ပြပါတယ်။

ဒီအတွက် အီရန်ရဲ့ ဒုံးကျည်တွေဟာ ပစ်မှတ်ရဲ့ ဆယ်မီတာ အဝန်းအဝိုင်းအတွင်း ကျရောက်ထိမှန်အောင် တိတိကျကျ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုမှာ ဒုံးကျည် ၁၉ စင်း ပစ်လွှတ်ရာ ၁၇ စင်းက ပစ်မှတ်ကို ထိမှန်ကြောင်း ယင်းသတင်းက ဖော်ပြပါတယ်။

ပညာရှင်တွေကတော့ ရုရှကာကွယ်ရေးဝန်ကြီးဌာနက သတင်းရင်းမြစ်တစ်ရပ်ကို ကိုးကားပြီး အစ္စရေးဂျာနယ်လစ်က ဖော်ပြလာတာအပေါ် သံသယရှိကြောင်း ပြောပေမယ့် ပဲ့ထိန်းဒုံးကျည်တွေကို ညွှန်ကြားစေလွှတ်ဖို့ အီရန်ဟာ Glonass စနစ်ကို အသုံးပြုရနိုင်တယ်လို့ ဝန်ခံပြောကြပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; Bulgarian Military.com