ပွဲထုတ်ပြသလာတဲ့ အာကာသစစ်သား ယူနီဖောင်းကြောင့် အမေရိကန်အာကာသတပ်ဖွဲ့ ဝိုင်းဝန်းလှောင်ပြောင်ခံရ

2020-01-21 11:40:22


ပွဲထုတ်ပြသလာတဲ့ အာကာသစစ်သား ယူနီဖောင်းကြောင့် အမေရိကန်အာကာသတပ်ဖွဲ့ ဝိုင်းဝန်းလှောင်ပြောင်ခံရ

ပွဲထုတ်ပြသလာတဲ့ အာကာသစစ်သား ယူနီဖောင်းကြောင့် အမေရိကန်အာကာသတပ်ဖွဲ့ ဝိုင်းဝန်းလှောင်ပြောင်ခံရ

အမေရိကန်အာကာသတပ်ဖွဲ့ဟာ ၎င်း ပွဲထုတ်ပြသလိုက်တဲ့ စစ်ယူနီဖောင်းကြောင့် လူမှုမီဒီယာတွေမှာ တော်တော်များများ လှောင်ပြောင်ခံနေရတာကို ခုခံနေရပါတယ်။
ပြီးခဲ့တဲ့လကမှ အမေရိကန်သမ္မတ စတင်လိုက်တဲ့ အာကာသတပ်ဖွဲ့ဟာ ၎င်းရဲ့ တွစ်တာအကောင့်ကနေ အာကာသတပ်ဖွဲ့ရဲ့ ယူနီဖောင်းပုံကို တင်ခဲ့ပါတယ်။

စစ်ဝတ်စုံတွေလို ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ရုပ်ဖျက်နိုင်အောင် အရောင်ရွေးချယ်ရတာ ဖြစ်ပေမယ့် အာကာသစစ်ယူနီဖောင်ကတော့ သစ်တောနဲ့ တစ်သားကျတဲ့ အရောင်မျိုးနဲ့ ယူနီဖောင်းဖြစ်နေပြီး ရင်ဘတ်နဲ့ လက်မောင်းမှာ badges တံဆိပ်တွေ ပါပါတယ်။

ဒီ ယူနီဖောင်းကြောင့် တော်တော်များများ ဝေဖန်သူတွေဆီက မေးခွန်းတစ်ခုတည်း ထွက်လာတာကတော့ ဒါက အာကာသနဲ့ တစ်သားတဲ့ ကျတဲ့ ယူနီဖောင်းလားဆိုတာပါပဲ။
“သူတို့တွေ အာကာသကို မြင်တောင် မမြင်ဘူးကြဘူးလားဗျာ။”လို့ တွစ်တာအသုံးပြုတစ်ဦးက မေးခွန်းထုတ်ပါတယ်။

အခြားတစ်ဦးကလည်း ပတ်ဝန်းကျင်နဲ့ ရောနှောနိုင်အောင် အရောင်ရွေးရတဲ့ စစ်ယူနီဖောင်းနဲ့ ပတ်သက်ပြီး အာကာသနဲ့ အခု ယူနီဖောင်းကို ယှဉ်ပြပြန်ပါတယ်။

ဒီလို လှောင်ပြောင်ဝေဖန်တာတွေ များလာတာကြောင့် အာကာသတပ်ဖွဲ့ဟာ တွစ်တာကနေ တုံ့ပြန်ဖြေရှင်းပါတယ်။ “ဒါဟာ လက်ရှိ ကြည်းတပ်၊ လေတပ်မှာ အသုံးပြုနေတဲ့ ယူနီဖောင်းပါပဲ။ အသစ် ဒီဇိုင်းဆွဲထုတ်လုပ်ဖို့ ကုန်ကျစရိတ်ကာမိအောင် ဖြစ်ပါတယ်။”လို့ ဖြေရှင်းချက် ပေးလာပါတယ်။

“အာကာသတပ်ဖွဲ့ဝင်တွေအနေနဲ့ မြေပြင်က တပ်တွေနဲ့ အတူ လက်တွဲလုပ်သွားရမှာ ဖြစ်ပါတယ်။”လို့ အဆိုပါ အာကာသတပ်ဖွဲ့က တွစ်တာကနေ ရှင်းလင်းခဲ့ရပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; BBC