လူတွေအတွက် ရာသီဥတုပြောင်းလဲမှုထက် လူသတ်ရိုဘော့တွေက ပိုပြီးအန္တရာယ်ကြီး

2020-01-21 11:42:05


လူတွေအတွက် ရာသီဥတုပြောင်းလဲမှုထက် လူသတ်ရိုဘော့တွေက ပိုပြီးအန္တရာယ်ကြီး

လူတွေအတွက် ရာသီဥတုပြောင်းလဲမှုထက် လူသတ်ရိုဘော့တွေက ပိုပြီးအန္တရာယ်ကြီး

ရုပ်ရှင်တွေထဲမှာတော့ ကောင်းကောင်းမြင်ဖူးကြပါမယ်၊ ဥပမာ Terminator ဇာတ်ကားတွေလိုပေါ့။ ဒါပေမယ့် အဲဒီလို လူသတ်စက်ရုပ်တွေကို ပုံစံတူ လုပ်လာမယ့်အရေးဟာ လူသားတွေအတွက် ဖြစ်အံ့ဆဲဆဲ ရာသီဥတုပြောင်းလဲမှုထက်တောင် အန္တရာယ်ခြိမ်းခြောက်မှု ပိုကြီးတယ်လို့ ဉာဏ်ရည်တု AI ပညာရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်တွေဟာ ဒရုန်းတွေကို အဆင့်မြှင့်တင် ထုတ်လုပ်နေတာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပျက်စီးမှုကပ်ဘေးကို ရိုဘော့ကမ္ဘာက ဂရီတာတမ်းဘတ်က တားဆီးဖို့ လိုတယ်လို့ Daily Star Online နဲ့ အထူးအင်တာဗျူးတစ်ရပ်မှာ AI ဦးဆောင်ပညာရှင် ဒေါက်တာ ဒေးဗစ်လီဗိုင်းက ရာသီဥတုပြောင်းလဲဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး ဂရီတာတမ်းဘတ်ကို ရည်ညွှန်းရင်း ပြောပါတယ်။

“စက်ရုပ်တွေက ဆိုးဝါးစွာ ပြုမှုလာမယ့်ဘေးက ဖြစ်နိုင်ခြေ ရှိသလောက်ပဲ။ အချက်အလက် မှားယွင်း အသုံးပြုရုံကြောင့်သာ မဟုတ်ဘဲ ဒီဇိုင်းမှားယွင်းမှုကြောင့်လည်း ဖြစ်လာနိုင်တယ်။ ဒါအပြင် ရိုဘော့တွေကို ဟက်ပြီး ထိန်းချုပ်မယ့် လူတွေလည်း ရှိလာနိုင်တာကြောင့်ပဲ။”လို့ လန်ဒန်က အခမ်းအနားတစ်ရပ်မှာ ဒေါက်တာလီဗိုင်းက ပြောပါတယ်။

“ဒီလို အခြေအနေမျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဥပဒေတွေ ရှိထားသင့်ပြီ။ ဒါပေမယ့် ဥပဒေတွေ အတည်ပြုဖို့က နှေးကွေးလွန်းနေတယ်။”လို့ ၎င်းက ပြောပါတယ်။

ဒါအပြင် “ကျွန်တော်ကတော့ တကယ် ကြောက်စရာအရေးလို့ မြင်တယ်။ AI နည်းပညာက တစ်ဟုန်ထိုး တိုးတက်နေပြီး အစိုးရတွေက အုပ်မိအောင် ဥပဒေမပြဋ္ဌာန်းသေးဘူး။ ရိုဘော့အနာဂတ်အတွက် ဥပဒေတွေ စဉ်းစားဖို့ လိုနေပြီ။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; Lad Bible