နေရာမှားပြီး ဆက်ဆံနေတာကြောင့် ကလေးမရ ဖြစ်နေတဲ့ အတွဲကို လမ်းကြောင်းပြန်တည့်ပေးလိုက်ရတဲ့ဖြစ်ရပ်

2020-01-23 10:57:44


နေရာမှားပြီး ဆက်ဆံနေတာကြောင့် ကလေးမရ ဖြစ်နေတဲ့ အတွဲကို လမ်းကြောင်းပြန်တည့်ပေးလိုက်ရတဲ့ဖြစ်ရပ်

နေရာမှားပြီး ဆက်ဆံနေတာကြောင့် ကလေးမရ ဖြစ်နေတဲ့ အတွဲကို လမ်းကြောင်းပြန်တည့်ပေးလိုက်ရတဲ့ဖြစ်ရပ် 


တရုတ်နိုင်ငံက လင်မယားစုံတွဲတစ်တွဲဟာတော့ ခုမျက်မှောက် ခေတ်ကြီးမှာ ရှားမှရှား လှထုံလင်မယားလို့ပဲ ပြောရမှာပါပဲ။သူတို့ရဲ့ အိမ်ထောင်သက် လေးနှစ်လုံးမှာ လိင်ဆက်ဆံနေပေမယ့် ကိုယ်ဝန်မရနိုင်ဖြစ်နေလို့ စိတ်ညစ်နေခဲ့ရတယ် ဆိုပါတယ်။ နောက်ပိုင်းတော့ အသက် ၂၆ နှစ် အမျိုးသားနဲ့ အသက် ၂၄ နှစ် အမျိုးသမီး ဒီလင်မယားစုံတွဲဟာ ခုနှစ် အစောပိုင်းမှာ ဆရာဝန်မ ဒေါက်တာလွီဟောင်မီထံ လာပြပါတော့တယ်။ကလေး ရနိုင်ဖို့အတွက် ဒေါက်တာ လွီထံ လာပြတဲ့ လင်မယား စုံတွဲမှာ ဇနီးသည်ရဲ့ ကျန်းမာရေး ရာဇဝင်ကို ဒေါက်တာလွီက မေးပါတယ်။

 

ဇနီးဖြစ်သူက သူတို့ လင်မယားဟာ မကြာခဏဆိုသလို လိင်ဆက်ဆံကြကြောင်း ဖြေပါတယ်။ ဒီလို ဆက်ဆံတဲ့အခါမှာ မကြုံဖူးအောင် နာကျင်ပေမယ့် ကလေးလိုချင်တာကြောင့် ကြိတ်မှိတ်ခံခဲ့ကြောင်း ဇနီးသည်က ဆိုပါတယ်။ဒီအတွက် ဇနီးသည်ဟာ မီးယပ်နဲ့ ဆိုင်တဲ့ ရောဂါ ရှိနေတာဖြစ်နိုင်တယ်လို့ ဒေါက်တာလွီက ယူဆလိုက်ပြီး စစစ်ဆေးကြည့်တော့မှ ဒီအိမ်ထောင်သည် အမျိုးသမီးဟာ အပျိုစင်ပဲ ဖြစ်နေသေးဆဲ ဆိုတာ တွေ့သိလိုက်ရတာပါ။


လေးနှစ်လုံးလုံး လိင်ဆက်ဆံခဲ့ပေမယ့် သူတို့နှစ်ဦးဟာ မှားယွင်းစွာပဲ ဆက်ဆံနေခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသမီးရဲ့ စအိုကို စစ်ဆေးတော့မှ ကလေးမရတဲ့ အကြောင်းကို ဖော်ထုတ်နိုင်တာပဲ ဖြစ်ပါတယ်။သူတို့ဟာ စအိုလိင်ဆက်ဆံမှုကိုပဲ လေးနှစ်လုံးလုံး ပြုနေတာဖြစ်ပြီး ကလေးမရနိုင်ဖြစ်နေတာကို စိတ်ညစ်နေတဲ့ စုံတွဲ ဖြစ်နေတော့တာပါ။

 

“ဒီလင်မယားက အရမ်းလည်း ငယ်တယ်။ ကျန်းမာရေးလည်း အရမ်းကောင်းကြတယ်။ သူတို့ မိသားစုတွေက သူတို့ကို တော်တော် ဖိအားပေးတာခံရတယ်။”လို့ ဒေါက်တာလွီက ပြောပါတယ်။ဒီနောက်မှာတော့ ဒေါက်တာလွီဟာ လိင်ပညာပေးစာအုပ်ကို အဲဒီလှထုံလင်မယားကို ပေးပြီး လမ်းညွှန်ချက်တွေလည်း ပြောပြလိုက်ရပါတယ်။ဒေါက်တာလွီရဲ့ အကြံပြုချက်က ဒက်ထိအသုံးတည့်သွားတယ်ဆိုတာ လအနည်းငယ်အကြာမှာ သိရပါတော့တယ်။


ထိုအမျိုးသမီးမှာ ကိုယ်ဝန်ရရှိပြီဆိုတဲ့ ဝမ်းသာစရာ သတင်းစကားကို ပါးလာတာပဲ ဖြစ်ပါတယ်။ဒေါက်တာလွီရဲ့ ဆေးရုံကို ကြက်ဥအလုံးတစ်ရာနဲ့ ကြက်အရှင်တစ်ကောင် လက်ဆောင်ပေးပို့လို့ သတင်းကောင်းကို အကြောင်းကြားလာတာပဲ ဖြစ်ပါတယ်။


Writer_ မောင်သံဆင့် ( XYZ News )