အတူနေချစ်သူနှင့် ရရှိသည့်ကိုယ်ဝန် လွယ်ထားရသည့် အမျိုးသား

2020-01-23 10:59:33


အတူနေချစ်သူနှင့် ရရှိသည့်ကိုယ်ဝန် လွယ်ထားရသည့် အမျိုးသား

အတူနေချစ်သူနှင့် ရရှိသည့်ကိုယ်ဝန် လွယ်ထားရသည့် အမျိုးသား


အမျိုးသမီးဘဝမှ အမျိုးသားအဖြစ် လိင်အင်္ဂါပြောင်းလဲထားသူတဦးဟာ သူ့ရဲ့ အတူနေ အဖော်တဦးနဲ့ ရရှိတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ ထုတ်ဖော်ပြောလိုက်ပါတယ်။


အသက် ၃၃ နှစ်အရွယ် ဒိုင်ယန်ရိုဒရီဂတ်ဇ် အမည်ရတဲ့ အမျိုးသားဟာ လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးတဦးလို နေထိုင်ခဲ့ကာ အသက် ၂၂ နှစ်အရွယ် သူ့အဖော် ဖာနန်ဒိုမာရှာဒိုကတော့ အမျိုးသမီးဘဝမှ အမျိုးသားလိင်အင်္ဂါ ပြောင်းလဲပြီး အမျိုးသားတဦးလို နေထိုင်တဲ့သူပါ။


သူတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပြီး အီကွေဒေါနိုင်ငံမှာ နေထိုင်ခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးမေရာသတင်းမှာ ဖော်ပြပါတယ်။


ဖာနန်ဒိုမာရှာဒိုကတော့ ဗင်နီဇွဲလားနိုင်ငံကဖြစ်ပြီး ခုချိန်မှာ ကိုယ်ဝန် ၃ လ လွယ်ထားရပြီလို့ ဆိုပါတယ်။


ဒိုင်ယန်က “ဒါဟာ ကျမတို့ ၂ ယောက်လုံး ဖြစ်ချင်ခဲ့တာပါ။ ဒါကို ကျမတို့ ဇီဝဖြစ်စဉ်အရ၊ တရားဝင် တားဆီးသွားမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။


သူတို့ ၂ ဦးဟာ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အသိပေးခဲ့ကြပြီး အီကွေဒေါနိုင်ငံရဲ့ ပထမဆုံးသော ရင်သွေးရရှိတဲ့ လိင်ပြောင်းစုံတွဲ ဖြစ်လာတော့မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


“ကျမတို့ အမျိုးသမီးနဲ့ အမျိုးသားအဖြစ် နေထိုင်ကြတယ်။ ကျမက အမျိုးသမီးအဖြစ် ခံယူနေထိုင်တယ်။ ဖာနန်ဒိုက အမျိုးသားအဖြစ် ခံယူနေထိုင်တယ်။ ဒီဖြစ်စဉ်ဟာ ကျမတို့အတွက် ရှုပ်ထွေးပါတယ်။ ကျမတို့မိသားစုရဲ့ အဖွဲ့ဝင်သစ်ကို လက်ခံဖို့ ဆုံးဖြတ်တာဟာ ကျမတို့အခွင့်အရေးပါ” လို့ ဒိုင်ယန်က ပြောပါတယ်။


Writer -Min Thu (XYZ News)