ရေမွှေးတွေအကုန်မရောင်းဘဲ အိမ်ပြန်ရင် ဖခင်က ရိုက်နှက်နှိပ်စက် လို့ လမ်းဘေးမှာသာ အိပ်စက်နေခဲ့ရတဲ့ ကလေးငယ်ရဲ့ သနားဖွယ်ရာအဖြစ်

2020-01-23 13:30:13


ရေမွှေးတွေအကုန်မရောင်းဘဲ အိမ်ပြန်ရင် ဖခင်က ရိုက်နှက်နှိပ်စက် လို့ လမ်းဘေးမှာသာ အိပ်စက်နေခဲ့ရတဲ့ ကလေးငယ်ရဲ့ သနားဖွယ်ရာအဖြစ်

ရေမွှေးတွေအကုန်မရောင်းဘဲ အိမ်ပြန်ရင် ဖခင်က ရိုက်နှက်နှိပ်စက် လို့ လမ်းဘေးမှာသာ အိပ်စက်နေခဲ့ရတဲ့ ကလေးငယ်ရဲ့ သနားဖွယ်ရာအဖြစ်


ကေ လးငယ်တွေတိုင်းကတော့ ကျောင်းကနေအိမ်ကိုပြန်ရောက်လာရင် ကိုယ်ပိုင်အချိန်လေးရပြီး ပျော်ချင် ၊ ဆော့ကစားချင်ကြတာ သဘာဝပါပဲလေ ။ သို့ပေမဲ့လည်း တစ်ချို့ကလေးငယ်တွေကတော့ ဆော့ကစားဖို့မပြောနဲ့ အခြားသောကလေးငယ်တွေလိုစာသင်ခွင့်မရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေရှာနေရတဲ့ကလေးငယ်တွေလည်း အတော်များများရှိပါတယ် ။


ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက ကလေးငယ်ဟာလည်း အသက် 11နှစ်အရွယ်သာရှိသေးပြီး 7 Eleven စတိုးဆိုင်ရှေ့မှာ အိပ်စက်နေခဲ့တဲ့အတွက် မေးမြန်းကြည့်လိုက်ချိန်မှာတော့ အိမ်ရှိပေမဲ့လည်း ဖခင်ဖြစ်သူပေးထားတဲ့ရေမွှေးတွေအကုန်မရောင်းနိုင်လျှင် အရိုက်ခံရသောကြောင့် အိမ်မပြန်ရဲကြောင်း ကလေးငယ်ကထွက်ဆိုခဲ့ပါတယ် ။


ဖြစ်စဉ်ကတော့ Mohd Najab အမည်ရှိတဲ့အမျိုးသားဟာ အဆိုပါစတိုးဆိုင်မှာပစ္စည်အရှိဝယ်ဖို့လာရင်းနဲ့ စတိုးဆိုင်အပြင်ဖက် ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့တဲ့ကလေးငယ်ကို တွေ့ရှိခဲ့တာပါ ။ ဆိုင်ထဲက ဝန်ထမ်းတွေကလည်း ကလေးငယ်မှာ တစ်နေကုန်ရေမွှေးရောင်းရတာ ပင်ပန်းလွန်းသောကြောင့် အဆိုပါနေရာတွင် ညတိုင်းလိုလိုလာရောက်အိပ်စက်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ် ။


ကလေးငယ်မှာ အိပ်စက်နေပေမဲ့လည်း မိုးရွာပြီးမကြာသေး၍ ကြမ်းပြင်မှာအတော်လေး အေးစက်နေပုံလည်းရပါတယ် ။ ထို့ကြောင့် Mohd မှာလည်း ကလေးငယ်ကိုနှိုးလိုက်ပြီး ပါလာသောပိုက်ဆံအနည်းငယ်ကိုပေးလိုက်ပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်က ပိုက်ဆံကိုမယူနိုင်ကြောင်းငြင်းဆန်ခဲ့ပြီး သူ့အားကူညီလိုပါက ရေမွှေးကိုသာ အားပေးဖို့ပြောဆိုခဲ့ပါတယ် ။


ထို့ကြောင့် Mohd က ရေးမွှေး 1 ပုလင်းအားပေးလိုက်ပြီး အခြားသူတစ်ဦးကတော့ 2ပုလင်း အားပေးလိုက်ပါတယ် ။ မေးမြန်းခဲ့ချိန်မှာတော့ ကလေးငယ်ဟာ အိမ်ရှိပေမဲ့လည်း မိဘတွေကအိမ်ထောင်ကွဲသွားခဲ့ကြလို့ ဖခင်နှင့်အတူနေထိုင်နေရပြီး ဖခင်ရောင်းခိုင်းတဲ့ ပစ္စည်းတွေအကုန်မရောင်းပဲအိမ်ပြန်ပါက ရိုက်နှက်နှိပ်စက်ခံရလေ့ရှိကြောင်း ကလေးငယ်ကပြောပြခဲ့ပါတယ် ။


အဆိုပါ အဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်ဝေမျှခဲ့ချိန်မှာတော့ အခြားသောကူညီကယ်ဆယ်ပေးတဲ့ စေတနာဝန်ထမ်းများနှင့် အချို့သောအဖွဲ့အစည်းများက ကလေးငယ်ကိုကူညီပေးခဲ့ကြကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ်မှာနောက်ထပ် ဈေးမရောင်းရတော့ဖို့ မျှော်လင့်မိပါတယ် ။