လက်ရှိ” ဘဝကြီးက ပျင်းရိဖို့ကောင်းလို့ အပျင်းပြေ ဓားပြတိုက် လူသတ်ခဲ့တဲ့ သူဌေး ”

2020-01-23 14:10:10


လက်ရှိ” ဘဝကြီးက ပျင်းရိဖို့ကောင်းလို့ အပျင်းပြေ ဓားပြတိုက် လူသတ်ခဲ့တဲ့ သူဌေး ”

လက်ရှိ” ဘဝကြီးက ပျင်းရိဖို့ကောင်းလို့ အပျင်းပြေ ဓားပြတိုက် လူသတ်ခဲ့တဲ့ သူဌေး ”


ကျွန်တော့် လက်ရှိ ဘဝကြီးက ပျင်းရိဖို့ကောင်းတယ်။အဲ့ဒါကြောင့် နောက်ထပ် စိန်ခေါ်မူအသစ်အသစ်တွေနဲ့စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေကို လိုချင်လို့ဒီဖြစ်ရပ်ကို ဖန်တီးခဲ့တာပါ” ဆိုပြီး သေနတ်သမားက ဗုဒ္ဓဟူးနေ့ မနက်မှာ ဝန်ခံ ပြောကြားခဲ့တယ်ဆိုပြီးသတင်းထုတ်ပြန်ခဲ့တယ်။


မနေ့က မနက်ပိုင်း လော့ဘူရီက သူအလုပ်လုပ်တဲ့ကျောင်းကိုသွားနေတဲ့ လမ်းမှာ ဘန်ကောက်မှာမှတ်ပုံတင်ခဲ့တဲ့ သ့ူရဲ့ BMW Series 5 ကားကိုရဲတွေကတားပြီး ဖမ်းခဲ့တယ်။ရဲတွေသူ့ကိုမိတဲ့အချိန် မခုခံပဲနဲ့ အသာတကြည် အဖမ်းခံခဲ့တယ်။


ကားပေါ်မှာ သူကိုင်ပစ်ခဲ့တဲ့ သေနတ်ကိုမတွေ့ပဲ9mm ကျည်ခွံတွေပဲ တွေ့တယ်လို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့တယ်။တရားခံကို ဖမ်းဖို့ဖမ်းဝရန်းကို စုံစမ်းစစ်ဆေးရေး ကော်မရှင်CSD ကို ထိုင်းရဲတွေက ကြိုပို့ထားပြီးအပိုင်ဖမ်းတာလို့ CSD က အတည်ပြုခဲ့တယ်။


ရဲတွေထင်မြင်ချက် မှန်တယ်လို့ ယူဆလို့ရတာက သူ ဓားပြတိုက်ခဲ့တဲ့ ဘတ် ၅သိန်းတန်ဖိုးရှိတဲ့ရွှေတွေကို Bang Rachan တံတားအောက်ကChao Phraya မြစ်ထဲပစ်ခဲ့တယ်လို့ တရားခံကဝန်ခံခဲ့တယ်။


သေနတ်နဲ့ဝင်ပစ်ခဲ့တဲ့နေ့ မနက်ပိုင်းမှာ ရဲအရာရှိဟောင်း သူ့အဖေဆီက ချက်နိုင်ငံထုတ်CZ SP-01ကို သွားယူခဲ့ပြီး ညဖက်မှာ မျက်နှာဖုံး၊ဘေ့စ်ဘောဦးထုပ်ဆောင်းပြီး ဝတ်စုံအပြည့်နဲ့ အနီရောင်ယာမာဟာ ဖီနိုဆိုင်ကယ်ကိုစီးပြီး လော့ဘူရီကရောဘင်ဆင် စူပါမတ်ကပ်ထဲက Aurara ရွှေဆိုင်ကို ဝင်ပြီး ဓားမြတိုက်ခဲ့တယ်။


ရိုးရိုးတန်းတန်း ဓားမြတိုက်ခဲ့တာမဟုတ်ပဲ သေနတ်နဲ့အပြစ်မဲ့တဲ့ ၂ နှစ်အရွယ် ကလေးတစ်ယောက်အပြင် တစ်ခြားလူတွေကိုပါ ပစ်သတ်ခဲ့တယ်။


ကလေးလေးနဲ့ အခြား ၂ယောက်၊ ပေါင်း ၃ ယောက်သေဆုံးခဲ့တယ်။သတင်းထပ်ကြားတာက Aurara ရွှေဆိုင်က အရောင်းဝန်ထမ်း ကောင်မလေးပါ မကြာသေးခင်က ထပ်ပြီးသေဆုံးသွားတယ်လို့ ထပ်ကြားတယ်။


ဆိုင်ကောင်တာ အောက်မှာ ပုံးနေတုန်း အပစ်ခံရတဲ့ ကောင်မလေးနဲ့တူပါတယ်။


ဒီမူခင်းအပြီး နောက် ၂ ရက်မှာ တရားခံMr Prasitthichai နဲ့ သူ့ချစ်သူ စားသောက်ဆိုင်အတူတူထိုင်နေတဲ့ပုံတွေကို တရားခံက သူ့ရဲ့ Facebook စာမျက်နှာမှာတောင်တင်ခဲ့သေးတယ်။


အိမ်နီးချင်းတွေအပြင် သူ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လုပ်ကိုင်နေတဲ့ မူလတန်းကျောင်းက မိတ်ဆွေတွေ ကတော့သူ သေနတ်တွေကိုဝါသနာပါလို့ ဝယ်စုတာကိုတော့သိတယ်။ဒါပေမယ့် အဲ့လိုအမူမျိုး သူကျူးလွန်တယ်ဆိုတာတော့ မယုံကြည်နိုင်သေးဘူးလို့ ပြောကြတယ်။


သူ့အဖေရဲဝန်ထမ်းကတော့ သူ့သားက ဒီလိုရူးရူးမိုက်မိုက်အလုပ်ကို လုပ်မယ့် သူမဟုတ်ဘူး။ဒီအချိန်မှာ သူ့သားက သံသယတရားခံပဲ ရှိသေးတယ်လို့သတင်းထောက်တွေကို ပြောသွားခဲ့တယ်။


တရားခံကတော့ တစ်ချက်မှမတုန်လှုပ်ပဲ လာဖမ်းတဲ့ သူတွေကို ကြိုတင် ပြင်ဆင်ပြီးသားပါဆိုပြီး အဖမ်းခံခဲ့တယ်။


သူသာတရားခံအစစ်ဖြစ်ခဲ့ရင် သိပ်ကြောက်ဖို့ကောင်းပြီး ရွံစရာပါ အလွန်ကောင်းတဲ့ စိတ္တဇလူသတ်သမားလို့တောင်ပြောလို့ရတယ်။


အသွားမပျက်၊အစားမပျက်တဲ့အပြင် ထွက်လည်းမပြေးပဲ ရည်စားနဲ့ချိန်းတွေပြီးသူဒါရိုက်တာလုပ်နေတဲ့ကျောင်းက ပျော်ပွဲရွှင်ပွဲမှာတောင် ကလေးတွေနဲ့ကစားခဲ့သေးတယ်တဲ့။


ပိုက်ဆံလိုချင်လို့ ဓားမြတိုက်တာ မဟုတ်ဘူးဆိုတာ သူသုံးတဲ့ အသုံးအဆောင်တွေကြည့်တာနဲ့ သိသာပါတယ်။သူ စိတ်ထဲ လူသတ်ချင်လို့ကို လာသတ်တာ။


လူတွေရိပ်မိမှာဆိုးလို့ ရွှေဆိုင်က ရွှေတွေကိုဓားမြတိုက်သလိုနဲ့ယူပြီး လွှင့်ပစ်ခဲ့တယ်။ဘဝကပျင်းစရာကောင်းလွန်းလို့ စိန်ခေါ်မူအသစ်တွေ ကြုံချင်ပါတယ်ဆိုတဲ့ အရူးတစ်ကောင်ကြောင့် စကားတောင် ရေရေရာရာ မပြောတတ်သေးတဲ့ ၂နှစ်အရွယ် ကလေးလေးတစ်ယောက်ရဲ့ အသက် ဆုံးပါးသွားခဲ့တယ်။


ထိုင်းနိုင်ငံရဲ့ လုံခြုံရေးကိုတော့ လူပြောစရာတော်တော်လေး ဖြစ်သွားခဲ့တယ်။


ကျန်ခဲ့တဲ့သူ့အမေတော့ဘယ်လိုအသက်ရှင်မလဲမသိ။အခင်းဖြစ်ပွားချိန်မှာ သေနတ်မှန်ထားတဲ့ သူ့ ကလေးလေးကို ဆက်တိုက်သေနတ်နဲ့ပစ်နေတဲ့ကြားကအတင်းဆွဲယူပြီးထွက်ပြေးတဲ့ ပုံရိပ်လေးတော့ကျွန်တော့်မျက်လုံးထဲက မထွက်သေးဘူး။


credit myanmar daily news