မတော်တဆ ငါမျှားချိတ်ပါဝင်လာတဲ့ ငါးဟင်းကိုမှ မှာယူစားခဲ့မိတဲ့ အမျိုးသမီးရဲ့အဖြစ်

2020-01-23 21:42:24


မတော်တဆ ငါမျှားချိတ်ပါဝင်လာတဲ့ ငါးဟင်းကိုမှ မှာယူစားခဲ့မိတဲ့ အမျိုးသမီးရဲ့အဖြစ်

မတော်တဆ ငါမျှားချိတ်ပါဝင်လာတဲ့ ငါးဟင်းကိုမှ မှာယူစားခဲ့မိတဲ့ အမျိုးသမီးရဲ့အဖြစ်


မလေးရှားနိုင်ငံက အမျိုးသမီးတစ်ဦးဟာ စားသောက်ဆိုင်မှာ ဟင်းလျှာမှာပြီး စားသောက်စဉ်၊ ငါးမျှားချိတ်မဖြုတ်ရသေးဘဲ မတော်တဆ ချက်ပြုတ်ထားမိတဲ့ ဟင်းကိုမှ မှာယူစားသောက်ခဲ့မိပါတယ်။ ကံကောင်းထောက်မစွာပဲ သူမဟာ ငါးမျှားချိတ်ကို မြင်ခဲ့ရတာပါ။


အမျိုးသမီးရဲ့အမည်ကတော့ Nor Azriah Abd Aziz လို့ သိရပါတယ်။ သူမဟာ ဒီအကြောင်းကို လူမှုကွန်ရက်မှာ တင်ထားခဲ့ပြီး၊ ငါးမျှားချိတ်ကြီးက တော်တော်ကြီးတဲ့အတွက်သာ သူမ အလွယ်တကူ မြင်ခဲ့တာလို့ ဆိုပါတယ်။ ငါးကို စားမလို့ လက်နဲ့ထိုးခွဲလိုက်ချိန်မှာ ငါးမျှားချိတ်ကို မြင်လိုက်ရတာပါ။




မစူးစမ်းမဆင်ခြင် ဟင်းအတုံးလိုက် ကောက်မြည်းတတ်သူဆို ဘေးဒုက္ခရောက်နိုင်ပါတယ်။ အဖြစ်အပျက်ဖြစ်ခဲ့တဲ့ စားသောက်ဆိုင်ကတော့ Johor မြို့၊ Taman Soga ရပ်ကွက်က စားသောက်ဆိုင်တစ်ခုမှာလို့ သိရပါတယ်။ Azriah ဟာ သူမရဲ့လူမှုကွန်ရက်မှာ-


” ဒီနေ့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ ပြောစရာစကားစတောင် ရှာမရဘူး … မေးချင်တာက သူတို့ ငါးကို တကယ်သန့်စင်အောင် ဆေးခဲ့သလား … ဒါက ငါးမျှားချိတ်ပါ .. ဒီမှာ လုံးဝ ရှိမနေရမယ့်အရာ … နောက် ကြိုးစလည်း ပါလာတယ် … ကြီးလည်း ကြီးတယ် … ဒီထက် သေးတဲ့အရာဆိုရင် ကျွန်မ မျိုချမိလောက်မယ်ထင်တယ် “လို့ ရေးသားခဲ့ပါတယ်။




အခင်းဖြစ်ချိန်မှာ စားသောက်ဆိုင်ပိုင်ရှင်က အမြန်ရောက်လာပြီး တောင်းပန်ခဲ့ကြောင်း၊ ဒါပေမယ့် သူမ စားသောက်ထားတဲ့ ကုန်ကျစာရိတ်ကိုတော့ တောင်းလွှတ်လိုက်တယ်လို့ ပြောပါတယ်။ နောက်ပြီး သွန်ပစ်လိုက်တဲ့ ငါးဟင်းအစား ငါးဟင်းအမယ်အသစ်လည်း ထပ်မပေးပါဘူးတဲ့။ လူမှုကွန်ရက်မှာတော့ ဆိုင်ရှင်ရဲ့လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။


လင်းဇော်ကို (D Nae Khit)