တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ပိုးကို ထိန်းချုပ်ဖို့လူဦးရေ ၁၈ သန်းလောက်ရှိတဲ့ မြို့ ၃ မြို့ကို အဝင်အထွက်ပိတ်

2020-01-24 08:08:36


တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ပိုးကို ထိန်းချုပ်ဖို့လူဦးရေ ၁၈ သန်းလောက်ရှိတဲ့ မြို့ ၃ မြို့ကို အဝင်အထွက်ပိတ်

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ပိုးကို ထိန်းချုပ်ဖို့လူဦးရေ ၁၈ သန်းလောက်ရှိတဲ့ မြို့ ၃ မြို့ကို အဝင်အထွက်ပိတ်


တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ပိုးကို ထိန်းချုပ်ဖို့လူဦးရေ ၁၈ သန်းလောက်ရှိတဲ့ မြို့ ၃ မြို့မှာ အသွားအလာတွေ ပိတ်လိုက်ပါတယ်။

 

2019-nCoV လို့ လက်ရှိမှာ သိထားတဲ့ ဒီ ဗိုင်းရပ်စ်ပိုးဟာ ယခင်က လူတွေမှာ မကူးစက်တဲ့ ကိုရိုနာမျိုးနွယ်ဝင် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တွေက တစ်ကမ္ဘာလုံးမှာ လူပေါင်း ၈၀၀ နီးပါး သေဆုံးခဲ့ရတဲ့ SARS ရောဂါပိုးဟာလည်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်ပါတယ်။


ဗိုင်းရပ်စ်ပိုး စတင်ပျံ့ပွားခဲ့တဲ့ ၀ူဟန် မြို့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ SWAT အထူးတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေက ရထားဘူတာတွေမှာ စောင့်ကြပ်နေကြသလို အတားအဆီးတွေနဲ့လည်း ပိတ်ဆို့တားဆီးထားပါတယ်။



ဗိုင်းရပ်စ်ပိုး ကူးစက်ကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေကြောင်း အတည်ပြုခဲ့ပြီးနောက်မှာပဲ အာဏာပိုင်တွေက ကူးစက်မှုတွေ စတင်ခဲ့တဲ့ ၀ူဟန် မြို့မှာ လေယာဉ်ကွင်းတွေ၊ ရထားဘူတာတွေ၊ ခရီးဝေးသွားမယ့် ဘတ်စ်ကား ခရီးစဉ်တွေ အားလုံးကို ပိတ်လိုက်တာပါ။


လူဦးရေ ၁၁ သန်းလောက်ရှိတဲ့ဝူဟန် မြို့အနီး Ezhou မြို့မှာလည်း အလားတူ ပိတ်ခဲ့သလို Huanggang မြို့မှာလည်း ဖျော်ဖြေရေးလုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေကို ပိတ်လိုက်ပါတယ်။ ဘေဂျင်းမြို့တော်မှာတော့ တရုတ်ရိုးရာ နှစ်သစ်ကူးကာလ ကျင်းပမယ့် အခမ်းအနားကြီးတွေကို အာဏာပိုင်တွေက ဖျက်သိမ်းလိုက်ပါတယ်။


အခု ဖြစ်ပွားပျံ့နှံ့နေတဲ့ လက်ရှိ ရောဂါပိုးသစ်ကြောင့် သေဆုံးမှု အများစုဟာ ဝူဟန်မြို့ပတ်လည် ဟူဘေးပြည်နယ်အတွင်းကပဲ ဖြစ်ပါတယ်။


ဒီ ဗိုင်းရပ်စ်ပိုးသစ်နဲ့ ပတ်သက်ပြီး ဂျီနီဗာမှာ စည်းဝေးခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရေးပေါ်ကော်မတီက တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာသေးမှာ မဟုတ်ကြောင်း ပြောပါတယ်။


WHO ညွှန်ကြားရေးမှူးချုပ် တီဒရိုက အခု ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေ ပိုမိုရရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။




တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ သတ်မှတ်တာဟာ အမြင့်ဆုံး သတိပေးချက်အဆင့်ဖြစ်ပြီး WHO ကပဲ သတ်မှတ်နိုင်တာ ဖြစ်ပြီး ဇီကာနဲ့ အီဘိုလာဗိုင်းရပ်စ်တွေ ဖြစ်ပွားချိန်က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ဖူးပါတယ်။


Rf; BBC

Writer_ မောင်သံဆင့်(XYZ News)