ဒေါ်နယ်ထရမ့်ကို သတ်ပေးနိုင်သူကို ဒေါ်လာသုံးသန်းဆုငွေပေးမယ်လို့ကြေညာလိုက်တဲ့ အီရန်လွတ်တော်အမတ်

2020-01-24 08:09:13


ဒေါ်နယ်ထရမ့်ကို သတ်ပေးနိုင်သူကို ဒေါ်လာသုံးသန်းဆုငွေပေးမယ်လို့ကြေညာလိုက်တဲ့ အီရန်လွတ်တော်အမတ်

ဒေါ်နယ်ထရမ့်ကို သတ်ပေးနိုင်သူကို ဒေါ်လာသုံးသန်းဆုငွေပေးမယ်လို့ကြေညာလိုက်တဲ့ အီရန်လွတ်တော်အမတ်


အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မူကြောင့်သေဆုံးသွားတဲ့ဗိုလ်ချုပ်ကြီး ဆူလေမာနီအတွက် လက်စားချေတဲ့အနေနဲ့ အီရန်လွှတ်တော်အမတ်တစ်ဦးက အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်အားသတ်ပေးနိုင်သူကို ဆုငွေဒေါ်လာသုံးသန်းချီးမြှင့်မယ်လို့ဆိုလိုက်ပါတယ်။


အမေရိကန်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် အီရန်စစ်ဗိုလ်ချုပ်ကြီး အူလေမာနီ သေဆုံးကာ အီရန်က အီရတ်ရှိအမေရိကန်အခြေစိုက်စခန်းများအား ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများ မြင့်တက်နေခဲ့တာဖြစ်ပါတယ် ။


အဆိုပါအီရန်လွှတ်တော်အမတ် Hamzeh ၏ဆုငွေထုတ်ပြန်မှုသည် အီရန်ခေါင်းဆောင်များထံမှ ထောက်ခံမှုရရှိခဲ့ခြင်းရှိမရှိကို ရှင်းလင်းစွာမသိရှိရဘဲ Hamzeh က အီရန်သည် နျူကလီးယားလက်နက်များပိုင်ဆိုင်ထားမှသာလျှင် ပိုမိုလုံခြုံလိမ့်မည်ဟုဆိုကာ သမားရိုးကျမဟုတ်သော ဒုံးကျည်ထိပ်ဖူးများသယ်ဆောင်နိုင်သည့်တာဝေးပစ်ဒုံးကျည်များထုတ်လုပ်ရေးအတွက်လည်း နှိုးဆော်ခဲ့သည်။


ဆူလေမန်နီ သေဆုံးပြီးနောက်တွင်လည်း အီရန်နိုင်ငံ့ ဒေါ်နယ်လ်ထရမ့်ကို ဒေါ်လာသန်း ၈၀ ဆုငွေထုတ်ပြန်ခဲ့ဖူးပါတယ်။


လုပ်ကြံသတ်ဖြတ်ခံရတဲ့ အီရန်တော်လှန်ရေးအစောင့် Quard တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီနေရာကို ဆက်ခံတဲ့ အီရန် ထိပ်ပိုင်းစစ်ရေးတာဝန်ရှိသူက လက်သည်တရားခံ အမေရိကန်ကို ဒီ လုပ်ကြံမှုအတွက် ယောက်ကျားပီပီသသ ရင်ဆိုင်လက်စားချေသွားမယ်လို့ ကြုံးဝါးလာပါတယ်။


အမေရိကန်တွေရဲ့ ဗိုလ်ချုပ်ကြီး ဆိုလီမာနီကို လုပ်ကြံသတ်ဖြတ်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောရင်း ဗိုလ်မှူးချုပ် အီစမေးဂါနီက အမေရိကန်ကို ကလဲ့စားချေရေး သံန္ဒဌာန်ချထားကြောင်း ကြိမ်းဝါးပြောဆိုလာတာပဲ ဖြစ်ပါတယ်။


အီစမေးဂါနီကို Quard တပ်ဖွဲ့ရဲ့ အကြီးအကဲသစ်အဖြစ် တီဟီရန်မှာ အခမ်းအနားနဲ့တကွ တနင်္လာနေ့မှာ တရားဝင် ခန့်အပ်ခဲ့တာပါ။ အဲဒီ ရာထူးခန့်အပ်ပွဲမှာ အီစမေးဂါနီက ဆိုလီမာနီကို အမေရိကန်ရဲ့ သတ်ဖြတ်မှုဟာ သူရဲဘောကြောင်ကြောင်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။


Rf; Middle East

Writer_ မောင်သံဆင့်(XYZ News)