မိခင်ကိုလုံးထွေးပြီး မျိုဖို့ကြိုးစားနေတဲ့ မြွေကြီးကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့သား

2020-01-24 10:38:03


မိခင်ကိုလုံးထွေးပြီး မျိုဖို့ကြိုးစားနေတဲ့ မြွေကြီးကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့သား

မိခင်ကိုလုံးထွေးပြီး မျိုဖို့ကြိုးစားနေတဲ့ မြွေကြီးကို၊ သတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့သား


အသက်(၁၆)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ မိခင်ကို လုံးထွေးပြီး မျိုဖို့ကြိုးစားနေတဲ့ မြွေကြီးကို ရဲရဲဝင့်ဝင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊ နှစ်ပိုင်းပြတ်သည်အထိ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားတာပါ။


ကောင်လေးရဲ့နာမည်ကတော့ Muhammad Rasul ဖြစ်ပြီး၊ သူဟာ မလေးရှားနိုင်ငံသားပါ။ သူရဲ့ ရဲရင့်တဲ့လုပ်ဆောင်ချက်ကြောင့် ပြီးခဲ့တဲ့နိုဝင်္ဘာလ(၅)ရက်က Welfare Department of Kedah မှာ ကျင်းပပြုလုပ်တဲ့ သူရဲကောင်းဆုပေးအပ်ပွဲမှာ ထိုက်တန်တဲ့ ဂုဏ်ပြုဆု ရရှိခဲ့ပါတယ်။


Rasul ဟာ Hang Tuah သူရဲကောင်းဆုကို ရရှိခဲ့တာပါ။ သူဟာ မေလက မိခင်ကို မျိုဖို့ရစ်ပတ်နေတဲ့ စပါးအုန်းမြွေကြီးနဲ့ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ခဲ့ပြီး၊ မိခင်ရဲ့အသက်ကို ကယ်တင်ခဲ့တာပါ။ ထိုစဉ်က သူဟာ ညီဖြစ်သူ Mohd Aziz (၁၅)နှစ်နဲ့ ညီဝမ်းကွဲ Mohd Shafizal Ismail (၁၅)နှစ်တို့နဲ့အတူ ကစားနေတာပါ။


ည(၁၁)နာရီလောက်မှာ မိခင် Halipah Othman (၄၇)နှစ်ရဲ့အသံကို ကြားခဲ့ရပါတယ်။ မီးဖိုချောင်ထဲကနေ ငယ်သံပါအောင် အော်နေတာဖြစ်ပြီး၊ မြွေကြီးဟာ မိခင်ဖြစ်သူရဲ့ခြေထောက်ကို တင်းကျပ်စွာ ပတ်ထားခဲ့တာပါ။ ညီအစ်ကို(၃)ယောက်စလုံး မြွေကြီးကို လွတ်တဲ့နေရာက လှည့်ရိုက်ခဲ့ကြပါတယ်။