လေဆိပ်မှာ စုံတွေ့ရင်းနီးကြပြီး လေယာဉ်ပေါ်မှာ ချစ်သူတွေဖြစ်ကာ မအောင့်နိုင်ဘဲ ကဲခဲ့ကြတဲ့စုံတွဲ

2020-01-24 10:38:20


လေဆိပ်မှာ စုံတွေ့ရင်းနီးကြပြီး လေယာဉ်ပေါ်မှာ ချစ်သူတွေဖြစ်ကာ မအောင့်နိုင်ဘဲ ကဲခဲ့ကြတဲ့စုံတွဲ

လေဆိပ်မှာ စုံတွေ့ရင်းနီးကြပြီး လေယာဉ်ပေါ်မှာ ချစ်သူတွေဖြစ်ကာ မအောင့်နိုင်ဘဲ ကဲခဲ့ကြတဲ့စုံတွဲ


တွေ့တာမှ မိနစ်ပိုင်းလောက် ရှိသေးတာ


မော်စကိုမြို့ကနေ ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ စုံတွဲတစ်တွဲဟာ ခရီးဆုံးထိအောင်တောင် မအောင့်နိုင်ဘဲ၊ နှစ်ယောက်သား ချစ်တင်းနှောပြီး ကဲခဲ့တာကြောင့် လေယာဉ်မယ်တွေ အတော်လေး အလုပ်ရှုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အမျိုးသားကတော့ (၄၁)ဖြစ်ပြီး၊ အမျိုးသမီးကတော့ (၄၃)နှစ်ပါ။


သူတို့နှစ်ယောက်ဟာ လေဆိပ်မှာ လူချင်းစဆုံဖူးတာဖြစ်ပြီး၊ အဲဒီကတစ်ဆင့် အလွန်ရင်းနီးကာ၊ နောက် အချိန်တိုတိုလေးအတွင်းမှာ နှစ်ကိုယ်ရည်တူ ချစ်တင်းနှောကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကဲနေတာက အများပြည်သူ ရှေ့မှောက် လေယာဉ်ပေါ်မှာ ဖြစ်နေတာပါ။


အဲဒီလေယာဉ်ဟာ Vladivostok မြို့ကို ဦးတည်ပျံသန်းနေတာဖြစ်ပြီး၊ အဲဒီစုံတွဲရဲ့ မဖွယ်မရာ လုပ်ရပ်ကြောင့် လေယာဉ်မယ်တွေ၊ ဝန်ထမ်းတွေက ချက်ချင်းရောက်လာပြီး၊ နှစ်ယောက်သားကို ခွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။


အမျိုးသားက ထိုင်ခုံမှာထိုင်လျှက်၊ အမျိုးသမီးက အမျိုးသားရဲ့အပေါ်မှာ ခွလျှက်အနေအထားကို ခွဲထုတ်ခဲ့ရတာပါ။

သူတို့ကို လေဆိပ်အရောက်မှာ ရဲလက်ကို အပ်လိုက်ပါတယ်။ နှစ်ဦးစလုံးဟာ အရက်မူးနေကြပြီး၊ အများပြည်သူဆိုင်ရာ နေရာမှာ မဖွယ်မရာပြုမှုနဲ့ အမှုဖွင့်ခံထားရတာပါ။


နှစ်ယောက်စလုံးဟာ ထောင်(၁၅)ရက်အထိ ချမှတ်ခံရဖို့ရှိပြီး၊ ငွေဒဏ်လည်း ကျခံရနိုင်ပါတယ်။ဗွီဒီယိုထဲမှာတော့ တော်တော်လေး ညစ်ညမ်းတဲ့ အပြန်အလှန်ပြောဆိုမှုတွေ ပါဝင်ခဲ့တာကြောင့် တစ်ချို့မီဒီယာတွေထက်မှာ အဲဒီဗွီဒီယိုဖိုင်ကို ဆင်ဆာဖြတ်တောက်မှုတွေ များစွာ ပြုလုပ်ခဲ့ရပါတယ်။


လေယာဉ်မယ်က “ရှင်တို့နှစ်ယောက်ကို ကပ္ပတိန်က ရဲကို တိုင်လိုက်ပြီ ”လို့ ပြောခဲ့ပါတယ်။သူမက ဆက်လက်ပြီး “အခု ဗွီဒီယိုဖိုင် သက်သေလည်း ရှိတယ် … ရှင်တို့ ရှင်းဖို့သာ ပြင်ထား …


ရှင်တို့ဟာ အများပြည်သူဆိုင်ရာနေရာမှာ အတော်လေးကို ရိုင်းစိုင်းခဲ့ကြတယ်”လို့ ပြောနေသံကိုလည်း ဗွီဒီယိုဖိုင်ထဲမှာ ကြားနေရပါတယ်။ အမျိုးသားကတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဆဲခဲ့တာကို တွေ့ရပါတယ်။ ရဲက နှစ်ဦးစလုံးကို ဖမ်းထားပါတယ်။


နေသူရိန် ( D Nae Khit Media )