မုတ်ဆိတ်ရှိတဲ့သူတွေကို မိန်းကလေးအများစု တမ်းတမ်းစွဲအချစ်ရတဲ့ အကြောင်းအရင်း

2020-01-24 10:52:16


မုတ်ဆိတ်ရှိတဲ့သူတွေကို မိန်းကလေးအများစု တမ်းတမ်းစွဲအချစ်ရတဲ့ အကြောင်းအရင်း

မုတ်ဆိတ်ရှိတဲ့သူတွေကို မိန်းကလေးအများစု တမ်းတမ်းစွဲအချစ်ရတဲ့ အကြောင်းအရင်း


မုတ်ဆိတ်မရှိလို့ သိမ်ငယ်နေတဲ့သူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ University of Queensland ရဲ့.လေ့လာမှုတစ်ခုအရ မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေဟာ ပိုမိုစွဲဆောင်မှုရှိပီး တမ်းတမ်းစွဲအချစ်ခံရသူများဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုစစ်တမ်းကောက်ယူမှုမှာ အမျိုးသမီး ၈၀၀၀ ကျော်ကို အမျိုးသားများ၏ မုတ်ဆိတ်ရိတ်ထားပုံ၊ မုတ်ဆိတ်ရေးရေးထားပုံ နဲ့ မုတ်ဆိတ်လှိုင်လှိုင်ထွက်နေပုံတို့ကိုပြသပီး ဆုံးဖြတ်စေတာဖြစ်ပါတယ်။ ထိုဆုံးဖြတ်မှုမှာ ပုံပန်းသွင်ပြင်ကိုကြည့်ပီး အပျော်သဘော လက်တွဲချင်တာလား သို့မဟုတ် ရေရှည်လက်တွဲလိုတာလား စသည်တို့လည်းပါဝင်ခဲ့ပါတယ်။


မဲပေးရွေးချယ်မှုမှာတော့ မုတ်ဆိတ်လှိုင်လှိုင်ထွက်နေတဲ့ အမျိုးသားများကို အမျိုးသမီးအများစုက ရေရှည်လက်တွဲလိုကြပီး ကျန်ပုံပန်းသွင်ပြင်တွေကိုတော့ ခေတ္တခဏတာ လက်တွဲလိုတယ်လို့အဖြေထွက်ရှိပါတယ်။ သို့ပေမယ့် ဆုံးဖြတ်ချက်တစ်ခုချင်းစီကို ခွဲမသတ်မှတ်ပါက မဲပေးရွေးချယ်ခံရမှုအများဆုံးက မုတ်ဆိတ်ရေးရေးရှိသူတွေဖြစ်ပီး အပြောင်ရိတ်ထားသူတွေကို မိန်းကလေးတွေ စိတ်ဝင်စားမှုအလွန်နည်းတယ်လို့လဲ ဆိုပါတယ်။


ကဲ မုတ်ဆိတ်ထားဖို့ရည်ရွယ်ချက်ရှိရင် ဘာလို့အချိန်ဆွဲနေဦးမှာလဲ ဘရားသားတို့ ???????


Writer- စပွန့် (XYZ News)