“လိမ္မော်သီးရောင်းတဲ့အဘအတွက် အလှူငွေ(၅)သိန်းသွားရောက်လှူဒါန်းပေးခဲ့တဲ့ အဆိုတော်မြသင်းချယ်”

2020-01-24 20:19:07


“လိမ္မော်သီးရောင်းတဲ့အဘအတွက် အလှူငွေ(၅)သိန်းသွားရောက်လှူဒါန်းပေးခဲ့တဲ့ အဆိုတော်မြသင်းချယ်”

“လိမ္မော်သီးရောင်းတဲ့အဘအတွက် အလှူငွေ(၅)သိန်းသွားရောက်လှူဒါန်းပေးခဲ့တဲ့ အဆိုတော်မြသင်းချယ်”


မြသင်းချယ်ကတော့ မြန်မာသံသီချင်းလေးတွေကိုသီဆိုရင်း ပရိသတ်လက်ခံအားပေးမှုကိုရရှိထားသူတစ်ယောက်ပါ။မြန်မာသံ သီဆိုတာရှားပါးလာတဲ့ခေတ်ကြီးထဲမှာ မြန်မာမှုမြန်မာ့ဂီတကိုအမြတ်တနိုးတန်ဖိုးထားကာ ထိန်းသိမ်းလာသူတွေထဲမှာ မြသင်းချယ်တစ်ယောက်လည်းအပါအဝင်ပဲဖြစ်ပါတယ်။ဒါ့အပြင် ဝါသနာတူခင်ပွန်းလောင်းဖြစ်တဲ့ နေထူးနိုင်နဲ့အကြောင်းပါခဲ့ပြီး အခုဆိုရင်အိမ်ထောင်သက်တမ်း(၁၀)နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။


သူတို့နှစ်ဦးရဲ့အိမ်ထောင်သက်တမ်းမှာတော့ ချစ်စရာသားလေးနှစ်ယောက်ထွန်းကားခဲ့ပြီး ပရိသတ်ချစ်ခင်မှုကို ရရှိထားသူတွေဖြစ်ပါတယ်။မြသင်းချယ်ကတော့ မကြာသေးခင်က လူမှုကွန်ရက်မှာ လူပြောများခဲ့တဲ့ကိစ္စတစ်ခုဖြစ်တဲ့ စည်ပင်ဝန်ထမ်းတွေက လိမ္မော်သီးရောင်းတဲ့အဘရဲ့ ရောင်းကုန်တွေကို ဖျက်စီးခဲ့တဲ့ဗွီဒီယိုကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့သူတစ်ယောက်ပါ။သူကတော့ ဒီဗွီဒီယိုလေးထဲက အဘရဲ့လိပ်စာကိုတောင်းခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ We Love Mar Chal အဖွဲ့တွေနဲ့အတူ အဘအိမ်ကိုသွားပြီး ငွေကျပ်(၅)သိန်းသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် မသန်စွမ်းသမီးငယ်လေးအတွက်လည်း မုန့်တွေပေးလှူခဲ့ပါသေးတယ်။