လင်ငယ်နဲ့ ဆက်ဆံပုံတွေကို ဖုန်းထဲမှာထည့်ထားတဲ့ မယားကို လင်ကြီးက အမှုဖွင့်လိုက်ပြီ

2020-01-24 20:43:23


လင်ငယ်နဲ့ ဆက်ဆံပုံတွေကို ဖုန်းထဲမှာထည့်ထားတဲ့ မယားကို လင်ကြီးက အမှုဖွင့်လိုက်ပြီ

လင်ငယ်နဲ့ ဆက်ဆံပုံတွေကို ဖုန်းထဲမှာထည့်ထားတဲ့ မယားကို လင်ကြီးက အမှုဖွင့်လိုက်ပြီ


အမှုမှာ တရားလိုသည် ၁၉၉၉ ခုနှစ်တွင် ဒေါ်******နှင့် ချစ်ကြိုက်ကာ မန္တလေးတိုင်း ပုသိကြီးမြို့နယ်နေ ဒေါ်******၏ မိဘများနေအိမ်တွင် အကြင်လင်မယားအဖြစ်အတူ အပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ တရားလိုသည် ဒေါ်*******နှင့်အတူပေါင်းသင်းနေထိုင်နေစဉ် သားဖြစ်သူ မောင်*******(၂၀)နှစ်၊ မ*******(၁၈)နှစ်အား မွေးဖွားခဲ့ကြောင်း၊


တရားလိုတို့မိသားစုသည် ၁-၁-၂၀၂၀ ရက်နေ့တွင် လှိုင်သာယာမြို့နယ်။ ကုလားကြီးစုကျေးရွာ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ကြရာ ၃.၁.၂၀၂၀ ရက်နေ့တွင် တရားလိုသည် ဇနီးဖြစ်သူ ဒေါ်*****၏ ဖုန်းအား ဖွင့်ကြည့်ရာ ဒေါ်******၏ မက်ဆင်ဂျာတွင် အမျိုးသားတစ်ဦးနှင့်ဒေါ်****တို့နှစ်ဦး ဆက်ဆံနေသည့်ပုံများ၊ ညစ်ညမ်းစာသားများအား တွေ့ရှိရသဖြင့် ဒေါ်***** အား မေးမြန်းရာ ဒေါ်****မှ ဟုတ်တယ်ဟုပြောဆိုပြီး အိမ်မှ ဆင်းသွားသဖြင့်


လက်ရှိအိမ်ထောင်နှင့်ပေါင်းသင်းနေထိုင်လျှက်ရှိပြီး နောက်အိမ်ထောင်နှင့် ပေါင်းသင်းနေထိုင်သူ ဒေါ်*****အားဥပဒေအရ အရေးယူပေးရန် ယနေ့တွင် လာရောက်တိုင်တန်းခဲ့ကြောင်း သိရှိရသည်။ တရားလိုဦး******မှ တိုင်တန်းသဖြင့် ဒေါ်******(၄၃)နှစ်(စုံစမ်းဆဲ)အား လှိုင်သာယာမြို့မရဲစခန်းမှ ပ/၁၉၀/၂၀၂၀ တစ်လင်တစ်မယားဥပဒေပုဒ်မ ၁၃ အရ အမှုရေးဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။


ခရက်ဒစ် – တင်နိုင်ထွန်း(SHသတင်းဌာန)