ရွှေပြည်သာမှာ ဖုန်းတွေ လိုက်ခိုးနေတဲ့ နာမည်ကြီး မိန်းမလျာအဖွဲ့ကို ဖမ်းမိပြီ

2020-01-24 20:43:49


ရွှေပြည်သာမှာ ဖုန်းတွေ လိုက်ခိုးနေတဲ့ နာမည်ကြီး မိန်းမလျာအဖွဲ့ကို ဖမ်းမိပြီ

ရွှေပြည်သာမှာ ဖုန်းတွေ လိုက်ခိုးနေတဲ့ နာမည်ကြီး မိန်းမလျာအဖွဲ့ကို ဖမ်းမိပြီ


ရွှေပြည်သာမြို့နယ်၌ အမျိုးသမီးဟန်ဆောင် မြှူဆွယ်၍ လက်ကိုင်ဖုန်း ၁၈ လုံးခိုးယူခဲ့သည်ဆိုသူ သုံး ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။


ရွှေပြည်သာမြို့နယ် အတွင်းခိုးမှုနှင့် လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ်နေ ဇင်မျိုးကျော်(ခ)ချစ်ချစ်၊ စိုးမင်းဦး(ခ)ကုလားလေး နှင့် သက်တူးအောင်(ခ) ခြူးလေး(ခ)ခြူးလေးပိုင် တို့ သုံးဦးကို (၁၁)ရပ်ကွက်၊ မိုးဟိန်းလမ်းမပေါ်တွင် ဇန်နဝါရီ ၂၀ ရက်က ဖမ်းဆီးစစ်ဆေးခဲ့သည်။


၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၃ လုံးအား မသင်္ကာဖွယ်တွေ့ရပြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးခဲ့သည်။


အဆိုပါလက်ကိုင်ဖုန်း ၃ လုံးနှင့်ပတ်သက်၍ အထားတစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း သက်တူးအောင်(ခ) ခြူးလေး(ခ) ခြူးလေးပိုင်က ရွှေပြည်သာမြို့နယ်၊ ရွှေယုန်လမ်းသွယ် လမ်းမဘေး၌ အရက်မူးပြီး လမ်းလျှောက်လာသူ အမျျိုးသားအချို့နှင့် ကုန်တင်ယာဉ်မောင်းနှင်သူ အချို့အား အမျိုးသမီးဟန်ဆောင် မြှူဆွယ်ကာ လက်ကိုင်ဖုန်း ၁၈ လုံး ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။


စုံစမ်းစစ်ဆေးချက်များအရ ၎င်းတို့ သုံးဦး ခိုးယူခဲ့သည်ဆိုသည့် လက်ကိုင်ဖုန်းများကို သက်ဆိုင်ရာက သိမ်းဆည်းကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ခရက်ဒစ် – မြန်မာတိုင်းမ်