မွေးရာပါလက်မပါသည့် မက္ကဆီကန်မော်ဒယ်လ် အလှမယ်ပြိုင်ပွဲဝင်ရန် ကြိုးပမ်းနေ

2020-01-24 22:30:21


မွေးရာပါလက်မပါသည့် မက္ကဆီကန်မော်ဒယ်လ် အလှမယ်ပြိုင်ပွဲဝင်ရန် ကြိုးပမ်းနေ

မွေးရာပါလက်မပါသည့် မက္ကဆီကန်မော်ဒယ်လ် အလှမယ်ပြိုင်ပွဲဝင်ရန် ကြိုးပမ်းနေ


လက်နှစ်ဖက်စလုံး မပါတဲ့ မက္ကဆီကန်မော်ဒယ်တယောက်ဟာ ဗယ်ရာခရုဇ်အလှမယ် ပြိုင်ပွဲဝင်ဖို့ကြိုးပမ်းနေပါတယ်။


အသက် ၂၄ နှစ်အရွယ် အန်နာ ဂတ်ဘီရယ်လာမိုလီနာဟာ လက်နှစ်ဘက်စလုံး မပါဘဲ မွေးလာခဲ့သူဖြစ်ပေမဲ့ မသန်စွမ်းမှုက ဗယ်ရာခရုဇ်အလှမယ်သရဖူဆောင်းလိုတဲ့ သူ့အိပ်မက်ကို မတားဆီးနိုင်ပါဘူး။


မိုလီနာဟာ ဘဝတလျောက်လုံး အလှအပဆိုင်ရာ ကျဉ်းမြောင်းတဲ့ အယူအဆတွေကို စိန်ခေါ်လာသူ ဖြစ်ပါတယ်။


မော်ဒယ် မိုလီနာက သူဟာ ၂၄ နှစ်လုံးလုံး မသန်စွမ်းမှုနဲ့ ရှင်သန်နေပြီး သူ့အတွက် မသန်စွမ်းမှုဟာ ကန့်သတ်ချက် မဟုတ်ဘူးလို့လည်း ပြောပါတယ်။


မိုလီနာဟာ နန်ချီတယ်အလှမယ်သရဖူကို ရရှိထားပြီး မတ်လမှာ ကျင်းပမယ့် ဗယ်ရာခရုဇ်အလှမယ် ပြိုင်ပွဲကို မျက်စိကျနေပါတယ်။ သူဟာ အဲဒီပြိုင်ပွဲမှာ လက်တွေမပါဘဲ ယှဉ်ပြိုင်မယ့် ပထမဆုံးပြိုင်ပွဲဝင် ဖြစ်လာမှာပါ။


တကယ်လို့ ဗယ်ရာခရုဇ်အလှမယ်ပြိုင်ပွဲမှာ သူဆုရမယ်ဆိုရင် မက္ကဆီကို အလှမယ် ဖြစ်လာဖို့ လမ်းကြောင်း ဖြောင့်သွားပါပြီ။


ယုံကြည်မှုတွေရှိပေမယ့်လည်း မိုလီနာဟာ အနိုင်ကျင့်တာကို ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ အခုဆိုရင်သူဟာ ပြည်နယ်နဲ့ နိုင်ငံလုံးဆိုင်ရာအလှမယ်ပြိုင်ပွဲတွေမှာ ပိုမိုပါဝင်ခွင့်ရရေး စည်းရုံးရေးဆင်းနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။


DVB TV News