ဝူဟန်ဗိုင်းရပ်စ် ကူးခံရဖို့နီးစပ်ပေမယ့် နှုတ်ထွက်ဖို့ ငြင်းပယ်ခဲ့တဲ့ ဆေးရုံဝန်ထမ်းများ

2020-01-24 22:32:16


ဝူဟန်ဗိုင်းရပ်စ် ကူးခံရဖို့နီးစပ်ပေမယ့် နှုတ်ထွက်ဖို့ ငြင်းပယ်ခဲ့တဲ့ ဆေးရုံဝန်ထမ်းများ

ဝူဟန်ဗိုင်းရပ်စ် ကူးခံရဖို့နီးစပ်ပေမယ့် နှုတ်ထွက်ဖို့ ငြင်းပယ်ခဲ့တဲ့ ဆေးရုံဝန်ထမ်းများ


အခုအချိန်မှာ ဝူဟန်ဗိုင်းရပ်စ် စတင်ရာ ဝူဟန်မြို့ကို မနေ့က ဒေသစံတော်ချိန် (၁၀)နာရီလောက်မှာ ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ လူဦးရေ (၁၁)သန်းလောက်ရှိတဲ့ အဲဒီမြို့ကြီးဟာ ချက်ချင်းဆိုသလိုပဲ တိတ်ဆိက်သွားခဲ့ပြီး၊ ခြောက်ခြားစရာ အတိနဲ့ပါ။


ဖြေဆေးမပေါ်သေးတဲ့ ဒီပြင်းထန်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တပ်လှန့်နှိုးဆော်မှုတွေရှိနေပေမယ့် တရုတ်နဲ့နီးစပ်တဲ့ တစ်ချို့သော နိုင်ငံတွေကတော့ သိပ်အရေးထားရကောင်းမှန်း မသိကြသေးပါဘူး။ အခုဆိုရင် ဒီဗိုင်းရပ် ဖြစ်စဉ် (၈၃၀)အနက် (၂၅)ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။



peopleapp

ဝူဟန်တစ်ခွင် ဆေးရုံတွေမှာ လူနာတွေ တဖွဲဖွဲရောက်လာပြီဖြစ်တဲ့အတွက် သူနာပြုတွေ ဆရာဝန်တွအနေနဲ့ လူနာတွေကို ကိုင်တွယ်ရာမှာ ပိုပြီသတိထားလာရပါတယ်။ သူတို့ဟာ ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေ အနီးစပ်ဆုံးလူတွေဖြစ်ကြပေမယ့် အလုပ်ကနေ ထွက်ဖို့တော့ ငြင်းဆန်ခဲ့ကြပါတယ်။



peopleapp

သိရသလောက်တော့ မြေပြင်ကွင်းဆင်းခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း (၁၅)ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး၊ ဒီအခြေအနေဟာ သာမန်အားဖြင့် တုန်လှုပ်ဖွယ်ရာပါ။ ဒါပေမယ့် ဆေးဘက်ဝန်ထမ်းဆိုတာ လူနာကို အသက်ကယ်ရတဲ့ အလုပ်ဖြစ်သည့်အလျှောက် သူတို့အတွက် အန္တရာယ်ရှိပေမယ့် နှုတ်ထွက်ဖို့ ငြင်းဆန်ကြတာပါ။



peopleapp

Wuhan Radio and Television ဌာနက အထုးသတင်းထောက်တစ်ဦးကို ဆေးရုံဆီ သွားပြီး သတင်းယူခိုင်းခဲ့ပါတယ်။ အမျိုးသမီး သူနာပြုဆရာမလေးကို နှုတ်ထွက်ချင်သလားလို့ မေးခွန်းမေးမြန်းခဲ့ရာ ” ကျွန်မက လုံးဝ ငယ်သေးလို့ အခုအခြေအနေက အဆင်ပြေစေမယ်လို့ တွေးပါတယ် ..-


တကယ်လို့ ဗှိုင်းရပ်စ်ကူးလည်း ကျွန်မက အရေးမထားပါဘူး … ကျွန်မ လုပ်ဖော်ကိုင်ဘက်တွေက ကယ်မယ်လို့ ယုံကြည်ပါတယ်”လို့ ရဲရင့်စွာ ဖြေခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆေးရုံဝန်ထမ်းတွေဟာ ကာကွယ်ရေးဝတ်စုံတွေ အပြည့်အဝ ဝတ်ဆင်ထားရပြီး၊ လူနာတွေကို ကယ်ရင်း၊ သူတို့ကိုလည်း မကူးအောင်စီမံရင်း နေနေရပါတယ်။


လင်းဇော်ကို (D Nae Khit)