တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း – 23.1.2020 မှ 29.1.2020 အထိ

2020-01-24 22:33:02


တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း – 23.1.2020 မှ 29.1.2020 အထိ

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း – 23.1.2020 မှ 29.1.2020 အထိ


တနင်္ဂနွေ


ဒီကာလအတွင်းကြိုးစားမှုရဲ့အသီးအပွင့်ကိုခံစားရပါလိမ့်မယ်။လုပ်ငန်းခွင်အတွင်းစိတ်တိုင်းကျဖန်တီးခွင့်တွေကိုရလာ တတ်ပါတယ်။ထူးခြားသည့်ဂုဏ်ရည်၊ ဉာဏ်စွမ်းရည်ကြောင့် အောင်မြင်မှု သရဖူဆောင်းရမည့် ကာလပါ။ တာထွက်ကောင်း သကဲ့သို့ ပန်းဝင်ကောင်းမည်။ သင့်ကို အထင်ကြီးစွာ လေးစားယုံကြည်သူများနေမည်။


လူအများ အာရုံမထားသည့် စီးပွားရေး လုပ်ငန်းတစ်ရပ်ကို ဆန်းသစ်တီထွင်လုပ်ဆောင်မှုကြောင့် ဝင်ငွေကောင်းများ ရရှိမည်။ ဖြန့်ကျက်၍ လေ့လာစူးစမ်းရှာဖွေ မှုကြောင့် စိတ်ကူးကောင်း၊ အတွေးကောင်းများ ဖြစ်ထွန်းနေလိမ့်မည်။ ရေဆန်ကို လှော်ရသော လှေသမားကဲ့သို့ ပင်ပန်း နေသော်လည်း အောင်မြင်မှုများကြောင့် ပျော်မြူးရမှာမလွဲပါ။အိမ်တွင်းရေးသာယာပျော်ရွှင်ရတတ်ပါတယ်။


မိသားစုစီးပွား တွေကောင်းနေတတ်ပါတယ်။အမှုအခင်းကိစ္စတွေဖြေရှင်းနေရသူတွေဒီကာလမှာပြေလည်မှုတွေကိုတော့ရလွယ်ပါလိမ့်မယ်။ ကျန်းမာရေးအားကောင်းနေချိန်ပါ။ အရင်အပတ်တွေက ကျန်းမာရေးညံ့နေသူဆိုရင်တော့ ဒီကာလမှာထူထူထောင်ထောင်ပြန် ဖြစ်လာပါလိမ့်မယ်။


အချစ်ရေးကံအားကောင်းနေပါတယ်။ ချစ်သူခင်သူပေါများပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့တကျက် ကျက်ဖြစ်နေလိမ့်မယ်။ဝေးနေရင်တောင်ဖုန်းကနေတဆင့်စကားများရတတ်ပါတယ်။ ပညာရေးအားကောင်းနေတတ်ပါတယ်။ ဆရာသမားတွေရဲ့အနီးကပ်သင်ပြမှုကိုရရှိပါလိမ့်မယ်။


အကျိုးပေးဂဏန်း ၆၊ ၉၊ ၂

အထူးဟော စိတ်ကြည်လင်လန်းဆန်းနေမည်။

ယတြာ ဘုရားကျောင်းကန် သန့်ရှင်းခြင်းဖြင့် ကုသိုလ်ယူပါ။


တနင်္လာ


ဒီကာလအတွင်းသင်လျှောက်လှမ်းနေရသော ဆူးခင်းလမ်းက ပြီးဆုံးသွားပါပြီ။ ဖိစီးလာသော ပြဿနာများကို လုံးဝမကြောက်ပါနဲ့။ ရဲရဲရင့်ရင့် ပြောဆိုရင်ဆိုင်ဖြေရှင်းသွားပါ။ အောင်မြင်မှု ရရှိလာပါလိမ့်မည်။ စိတ်ထဲလိုချင်တာတွေကို ကောင်းစွာလက်တွေ့ပြည့်ဝလာပါလိမ့်မယ်။


ယခုကာလအတွင်း စွန့်စားတီထွင်လုပ်ငန်းတိုင်း အဆင်ပြေလျက် အကျိုးပေးမှု များစွာ ကြုံပါလိမ့်မည်။ စွမ်းရည်ထူး တောက်ပချိန်ဖြစ်၍ အပြောင်းအလဲတစ်ခုကြုံပြီး အောင်မြင်မှုရပါလိမ့်မည်။ တွေ့ကြုံ လာသည့် အခက်အခဲတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်ပါလိမ့်မည်။ ဆရာကောင်းတွေ့သကဲ့သို့ တပည့်ကောင်းလည်း ရရှိတတ်ပါတယ်။


မိသားစုကျန်းမာရေး ဂရုစိုက်ပါ။ မိမိကျန်းမာနေပေမယ့်မိသားစုဝင်တစ်ဦးဦးကျန်းမာရေးခြူခြာသွားတတ်ပါ တယ်။အမျိုးသမီးတွေရဲ့အကူအညီတွေကိုလဲရလာတတ်ပါတယ်။ လုပ်ငန်းများဖောက်သည်ကောင်းတွေရလာတတ်ပါတယ်။ အလုပ်သစ်စီးပွားသစ်တွေစမယ်ဆိုလဲ စလို့သင့်တဲ့ကာလပါပဲ။ အသစ်နဲ့ပက်သက်ပြီးကိစ္စမှန်သမျှအဆင်ပြေတတ်ပါတယ်။ အိမ်သစ်၊အိုးသစ်၊နေရာသစ်မှာနေထိုင်လို့အလွန်ကောင်းပါတယ်။


အချစ်ရေးကံကတော့ အဆင်မပြေလို့လမ်းခွဲထားတဲ့ချစ်သူနဲ့ ပြန်အဆင်ပြေတတ်ပါတယ်။အိမ်ထောင်ရေးစိတ်ချမ်းသာရမယ်။အိမ်ထောင်ဘက်ဆီကလက်ဆောင်ရတတ်ပါတယ်။ ပညာ ရေးမှာတော့ မိမိရဲ့သင်ယူလိုစိတ်ကအစစအရာရာအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်။


အကျိုးပေးဂဏန်း ၆၊ ၇၊ ၁

အထူးဟော တောင်းတတဲ့ဆန္ဒတွေပြည့်ဝလိမ့်မယ်။

ယတြာ မွေးနံထောင့်မှာ ဖယောင်းတိုင်(၅)တိုင်၊ အမွှေးတိုင် (၅)တိုင်၊ သောက်တော်ရေ (၅)ခွက်နှင့် ပဲဆွမ်းကပ်လှူ၍ အဓိဌာန် ပုတီးစိပ်ပါ။


အင်္ဂါ


ဒီကာလအတွင်း ပျင်းရိသူတွေကတော့အခက်အခဲများနေတတ်ပါတယ်။ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ရှိနေတတ် ပြီးတစိုက်မတ်မတ်လုပ်နေသူတွေကတော့အဆင်ပြေတတ်ပါတယ်။ ဘဝအတွက် အားမာန်သစ်ဖြင့် လျှောက်လှမ်းခွင့် ကြုံရ တော့မှာပါ။ နေ့စဉ်နေ့တိုင်း မိမိကိုယ်မိမိ အမြဲဆန်းစစ်လေ့လာသင့်ပါတယ်။


မိမိစိတ်ကိုဆင်ခြင်ပြီးမကောင်းတဲ့အလေ့အကျင့် တွေကိုစတင်လွှတ်ချလိုက်ပါ။ ယခုကာလအတွင်း ဆောင်ရွက်သည့် လုပ်ငန်းတိုင်းကို တည်ငြိမ်အေးဆေးစွာဖြင့် လက်တွေ့ ဆန်ဆန်လုပ်ဆောင်မှုကြောင့် စွန့်စားမှုမပါသည့် အောင်မြင်မှုနှင့် ကြုံတွေ့ရပါလိမ့်မည်။ သီလကို ကိုယ်၊ နှုတ် တို့ဖြင့် စောင့်ထိန်း ထားမှုကြောင့် သင့်အပေါ် ယုံကြည်သူ၊ လေးစားသူ၊ အထင်ကြီးသူတို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။


ကျန်းမာရေးအားကောင်းနေ တာကိုတွေ့ရပါတယ်။ဒီထက်ပို၍ ကျန်းမာစေရန် နေ့စဉ်လတ်ဆက်သော အသီးအရွက်၊ သီးနှံများ စားပေးပါ။ ကျောင်းသား လူရွယ်များ ကျောင်းစည်းကမ်းတွေ၊အိမ်စည်းကမ်းတွေမလိုက်နာဘဲထင်ရာစိုင်းချင်နေတတ်ပါတယ်။


အချစ်ရေးမှာ စန်းပွင့်နေ တဲ့အတွက် အညံ့အဆိုးကင်းနေတတ်ပါတယ်။ ချစ်သူထံကနေအကူအညီကောင်းတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တော့ အိမ်ထောင်ဘက်ရဲ့ဆွေမျိုးတွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ပညာရေးမှာတော့ စာသင်ဖို့ထက်အပေါင်းအသင်းနဲ့ အလေလိုက်ချင်စိတ်ကများနေတတ်ပါတယ်။


အကျိုးပေးဂဏန်း ၁၊ ၃၊ ၀

အထူးဟော ကံအကောင်းအဆိုးမျှနေတာတွေ့ရပါတယ်။

ယတြာ ကိုယ်ဝန်ဆောင်တစ်ဦးကို ဆေးဝါးလှူဒါန်းပေးပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလမှာတော့စီးပွားရေးနယ်ပယ်အောင်မြင်ပေါက်မြောက်နေတတ်ပါတယ်။သိမ်မွေ့သောစိတ်ကူးနှင့် ရင့်သန်သော အတွေးအခေါ် ရောပြွမ်းနေသည့် အချိန်ကာလဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်ထက် စိတ်ကူးယဉ်ပျင်းရိမှု များနေတတ် ကြောင်း သတိပြုဆင်ခြင်ပါ။ အံဝင်ခွင်ကျ စီးပွားရေးနည်းလမ်းကောင်းများကို ရွေးချယ်ရရှိလုပ်ဆောင်နိုင်ပါလိမ့်မည်။


မမျှော် လင့်ထားသည့် ဆုံးရှုံးမှုများ မဖြစ်ရန် သတိပြုပါ။ ယုံကြည်ထားသူ၊ ရင်းနှီးထားသူတစ်ချို့၏ သစ္စာဖောက်မှု ခံရတတ်ကြောင်း ဆင်ခြင်ပါ။ စိတ်ဆိုးလွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်းကို ဖျောက်ပစ်ပါ။ ငွေကြေးဥစ္စာအတွက် မထင်မှတ်ထားသော ခရီးများ သွားလာရမည်။လုပ်ငန်းတိုးချဲ့ခြင်း၊ဆိုင်သစ်ဖွင့်ခြင်း၊ဝန်ထမ်းသစ်ခန့်အပ်ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။


စီးပွား ရေးနဲ့ပက်သက်ပြီးကြိုးစားသမျှအရာထင်အောင်မြင်တတ်ပါတယ်။လုပ်ငန်းအတွက်လိုအပ်နေတဲ့ငွေကြေးအကူအညီ ရလွယ် နေတတ်ပါတယ်။ ကျန်းမာရေးသင့်ပါသည်။ အရမ်းအညံ့အဆိုးမရှိပါ။ဆေးမြီးတိုနဲ့ကုသလို့ပျောက်ကင်းနိုင်တဲ့ကာလလဲဖြစ် ပါတယ်။


အချစ်ရေးအညံ့အဆိုးတွေကိုကောင်းစွာလျှော့ချနိုင်ပါလိမ့်မယ်။ ချစ်သူနဲ့အဆင်မပြေတာတွေညှိနှိုင်းလို့အဆင်ပြေပါ လိမ့်မယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ရတာများပါလိမ့်မယ်။သားသမီးတွေရဲ့အကူအညီကိုရလွယ်ပါတယ်။ ပညာရေးမှာ တော့မိမိကြိုးစားမှုကိုမနာလိုမရှုစိမ့်သလိုဖြစ်နေတတ်ပါတယ်။


အကျိုးပေးဂဏန်း ၂၊ ၅၊ ၇

အထူးဟော အတိုက်အခိုက်ကြားကနေတိုးတတ်ပါလိမ့်မယ်။

ယတြာ ရေသက်စေ့လှူဒါန်းပြီး လိုရာဆုတောင်းပါ။


ကြာသပတေး


ဒီကာလအတွင်းစိတ်ဆန္ဒရှိတာတွေကိုကြိုးစားပြီးဆောင်ရွက်နိုင်ပါလိမ့်မယ်။ကြိုးစားသမျှအရာထင်အောင်မြင်လာ တတ်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေဆီက အကူအညီကောင်းတွေရလာတတ်ပါတယ်။မိမိတတ်သိထားတဲ့ ပညာတွေ ကိုလက်တွေ့အသုံးချပြီးတော့ တိုးတတ်မှုကိုရရှိနိုင်ပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်းလုပ်ဖော်ကိုင်ဖက်တွေအံ့ဩရသည်အထိ မိမိအစွမ်းအစတွေထုတ်ပြနိုင်ပါလိမ့်မယ်။


ငွေရှာရလွတ်လပ်သော အတွေးစိတ်ကူးသစ်များကို ကိုယ်ပိုင်ဉာဏ်ဖြင့် ထူးချွန်စွာ လုပ်ဆောင်နိုင်ခွင်များရမည်။ ဘဝအပေါ် အကောင်းမြင် သဘောထားပြီး ကိုယ်၊ နှုတ်၊ နှလုံးစောင့်ထိန်း၍ တရားသဖြင့် အသက် မွေးဝမ်းကျောင်းပြုသင့်သည့် အချိန်ကာလတစ်ခုပါ။ စီးပွားရေးဈေးကွက်သစ်များ ဖန်တီးနိုင်ခွင့် မြင်သည်။ အလွန်ဖြစ်ခဲသည့် ရှားရှားပါးပါး ပြောင်းလဲဆန်းသစ်မှု တစ်ခုကြောင့် စီးပွားရေးအနေအထားတစ်မျိုး ပြောင်းလဲသွားစေလိမ့်မည်။


အနာခံမှု တစ်ခုကြုံပြီး အသာစံရလိမ့်မည်။ အလုပ်ကို ဇောက်ချလုပ်ပါ။ ကျန်းမာရေးအနေဖြင့် လေနှင့်ပတ်သက်သော ရောဂါမျိုးကို ဂရုစိုက်ပါ။ အချစ်ရေးမှာတော့ စီးပွားရေးကိုလုံးပန်းနေရတာကြောင့်ချစ်သူကိုအချိန်မပေးနိုင်သလိုဖြစ်နေတတ်ပါတယ်။ နားလည်မှုရှိတဲ့ချစ်သူရထားရင်အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီး စိတ်ချမ်းသာစရာများနေတတ်ပါတယ်။ ပညာရေးနဲ့ပက်သက်ပြီးစိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။


အကျိုးပေးဂဏန်း ၁၊ ၂၊ ၆

အထူးဟော စကားနဲ့ပက်သက်ပြီးဆင်ခြင်ပြောဆိုသင့်တဲ့ကာလပါပဲ။

ယတြာ ကလေးငယ်(၃)ဦးကို ပဲပေါင်မုန့်ကျွေးပါ။


သောကြာ


ဒီကာလအတွင်းလူအများရဲ့အာရုံစိုက်ခြင်းကိုခံရတတ်ပါတယ်။မြော်မြော်မြင်မြင် ဆင်ခြင်လုပ်ကိုင်မှု ပြုသင့်ချိန်ပါ။ ပတ်ဝန်းကျင်၏ လှုပ်ဆော်မှုကြောင့် စိတ်ညစ်၊ စိတ်ပျက်နေလိမ့် မည်။ မိမိကိုယ်တိုင်ကလဲစိတ်ပျက်၊ စိတ်ညစ်မှုကို လျှော့ တွေးပါ။ မကြာမီကာလမှာ အမှန်တကယ် ပျော်ရွှင်လာပါလိမ့်မည်။ မည်သည့်လုပ်ငန်းကိုမဆို အဆင်ပြေ၍ ဝင်ငွေကောင်းများ ရရှိတတ်ပါသည်။


သို့သော် ရသမျှနှင့်သာ တင်းတိမ်သင့် သည်။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သူသာလျှင် အချမ်းသာ ဆုံးသူဖြစ်ကြောင်း သုံးသပ်သင့်ပါတယ်။အနုပညာနဲ့ပက်သက်သောအလုပ်များအလွန်တိုးတတ်နိုင်ပါတယ်။အလုပ် ခွင်အတွင်း ရာထူးတစ်ဆင့်တတ်ခြင်းမျိုးအထူးကြုံရတတ်ပါတယ်။ အထက်လူကြီးတွေမျက်နှာသာပေးခြင်းခံရလိမ့်မယ်။ ကျောင်းသားလူ ငယ်များ ဖခင်ထံမှမုန့်ဖိုးများစွာရလွယ်ပါတယ်။


ဆုံးရှုံးထားသေား ငွေကြေးများ ပြန်လည် ရရှိတတ်ပါတယ်။ လောဘတကြီး မလုပ်ကိုင်ပါပဲ သောကကင်းသည့် ငွေကြေးဥစ္စာများ လွယ်လင့် တကူရရှိမည်။ ကျန်းမာရေးသင့်ပါတယ်။ အလွန်ဆုံးမတ် တပ်ဖျားမတ်တပ်နာလောက်ပါပဲ။ အချစ်ရေးကံအထူးကောင်းပါတယ်။ ချစ်သူနဲ့အဆင်မပြေတာတွေညှိနှိုင်းနိုင် ပါလိမ့်မယ်။ အိမ်ထောင်ရေးအဆင်ပြေစိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ဂရုစိုက်ခြင်းကိုခံရတတ်ပါတယ်။ ပညာ ရေးကံအား‌ ကောင်းနေမည်။ ကြိုးစားချင်စိတ်လဲရှိ၊ကံကလဲပေးတဲ့အတွက်အားရစရာကောင်းပါတယ်။


အကျိုးပေးဂဏန်း ၂၊ ၉၊ ၄

အထူးဟော အနီးကပ်လူတွေဒုက္ခပေးတတ်ပါတယ်။

ယတြာ မနက်စောစောတွင် ကြာဆံကြော်ကပ်လှူ၍ လိုရာဆုတောင်းပါ။


စနေ

ဒီကာလအတွင်းအရာရာကံခေနေတတ်ပါတယ်။တစ်ခါတည်းနဲ့ပြီးမြောက်အောင်မြင်တာမျိုးမရှိဘဲအကြိမ်ကြိမ် ဆောင်ရွက်မှအဆင်ပြေတတ်ပါတယ်။ဖော်ရွေမှုကင်းမဲ့လျက် သုန်မှုန်စွာ နေတတ်ချိန်ဖြစ်ပါတယ်။ ခင်မင်သူအချို့၏ ပြင်းထန် သောဝေဖန်မှု၊ နှိမ်ချပြောဆို စော်ကားမှုများကြောင့် ဒေါသထောင်းခနဲ ထစေလျှက် ခေါင်းပူနေတတ်၏။စီးပွားရေးလုပ်ငန်း ကိစ္စရပ်တိုင်းလိုလိုမှာ မိမိထင်မှတ်ထားသကဲ့သို့ ငွေမဝင်တတ်ပါ။


လုပ်ငန်းတူ၊ လုပ်ငန်းပြိုင်တို့ကို ကျော်လွှားအောင်မြင်ဖို့ရန် အခက်ကြုံရတတ်သည်။အိုင်ဒီယာအသစ်၊စိတ်ကူးအသစ်ထုတ်သုံးနိုင်မှအဆင်ပြေပါလိမ့်မယ်။ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျား ရောက်ဆိုသည့် စကားပုံအတိုင်း ဇွဲရှိရှိကြိုးစားရန် လိုအပ်ပါသည်။ ကံကြမ္မာကောင်း သင့်ဖက်တွင် မရှိသဖြင့် ဘာသာတရားကို ပိုမိုယုံကြည်စွာလုပ်ကိုင်မှ အကျိုးထူးမည်။ နှာစေးချောင်းဆိုးလျှင် ချက်ချင်းကုသပါ။ ရောဂါကြာသွားတတ်ပါတယ်။


အအေးပတ်ပြီးအဆုတ်ပွတာမျိုးမဖြစ်အောင်ထိန်းသိမ်းပါ။ အချစ်ရေးမှာတော့ ချစ်သူရဲ့ ဥပေက္ခာပြုခြင်းကိုခံရတတ်ပါတယ်။ အနေဝေးလေသွေးအေးလေဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စကားအမှားတွေကြောင့်ပြဿနာတတ်နိုင်ပါတယ်။ စကားဆင်ဆင်ခြင်ခြင်ပြောတတ်သူဆိုအိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးမှာတော့ကြိုးစားမှု၊ဝီရိယလျော့နေတတ် ပါတယ်။သင်ယူလိုစိတ်မရှိသလိုဖြစ်နေတတ်ပါတယ်။


အကျိုးပေးဂဏန်း ၆၊ ၉၊ ၂

အထူးဟော ကံမပေးသေးတဲ့ကာလပါပဲ။

ယတြာ သီလခံယူလျှက် တရားထိုင်ပါ။


၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 ။09 44 5555 695