ကလေးသူငယ်လိင်မှုနဲ့ တရားစွဲခံထားရတဲ့ ရဲအရာရှိ၊ မိမိကိုယ်ကို အဆုံးစီရင်

2019-08-09 16:07:21


ကလေးသူငယ်လိင်မှုနဲ့ တရားစွဲခံထားရတဲ့ ရဲအရာရှိ၊ မိမိကိုယ်ကို အဆုံးစီရင်

ရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်ထိရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အသက် (၄၉)နှစ်အရွယ် အရာရှိတစ်ဦးဟာ ကလေးသူငယ်လိင်အကြမ်းဖက်မှုနဲ့ တရားစွဲခံရအပြီးမှာ ၀ရန်တာကနေ ပြုတ်ကျသေဆုံးနေတာကို တွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ အမည်တပ်ခဲ့ပါတယ်။


အမေရိကန်၊ ဆန်တီယေဂိုမှာရှိတဲ့ တပ်ကြပ်ကြီး ဂျိုးဆက် ရူဗီဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ သူနေထိုင်တဲ့အိမ်ရဲ့ ၀ရန်တာကနေ ပြုတ်ကျတာဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို သက်သေတာလို့ အတည်ပြုခဲ့ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကတာ့ ဆန်တီယေဂိုက ရဲဌာနဟာ အကြမ်းဖက်မှု၊ ကလေးသူငယ်တွေ အင်တာနက်ကနေ လိင်ညစ်ညမ်းပုံတွေ ပို့နေခဲ့မှုကို စုံစမ်းဖို့ ခေါင်းစဉ်တစ်ခုထုတ်ခဲ့ပါတယ်။




ရဲဌာနက ဆက်လက်စုံစမ်းနေစဉ်မှာပဲ သူတို့ထဲက အရာရှိတစ်ဦးဟာ ဒီထဲမှာ ပါဝင်ပတ်သက်နေတာကို တွေ့ခဲ့တာပါ။ တွေ့တွေ့ချင်းပဲ ရူဗီဒိုကို ဖမ်းဆီးခဲ့တဲ့အပြင် ရာထူးခေတ္တဆိုင်းငံ့ထားပြီး၊ ခံဝန်နဲ့ လွှတ်ထားခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်လာတဲ့ ရူဗီဒိုတစ်ယောက် ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရပြီးနောက်ပိုင်း အခုလို သေဆုံးမှု ဖြစ်ခဲ့တာဖြစ်လို့ တစ်ခုခုဆက်စပ်နေမှာကို သိခဲ့ကြပါတယ်။



ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က

နောက်ဆုံးမှာတော့ အတည်ပြုနိုင်ခဲ့ပြီး၊ ရူဗီဒို သေဆုံးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေမှု ဖြစ်တဲ့အပြင် လက်ရှိ တရားစွဲခံထားရမှုမှာ ပါဝင်ပတ်သက်နေလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ရူဗီဒိုဟာ အမေရိကန် နာဗီတပ်မရဲ့ စစ်ပြန်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့အတွက် တပ်ကြပ်ကြီးအဆင့်ရှိခဲ့ပေမဲ့ ကလေးငယ်တွေကို တကယ်ပဲလိင်အကြမ်းဖက်ခဲ့ပုံပေါ်နေပါတယ်။


လက်ရှိမှာ အရာရှိတစ်ယောက်ဖြစ်နေတဲ့အတွက် အရာရှိပုံစံအတိုင်းပဲ အသုဘအခမ်းအနားကို ရဲတပ်ဖွဲ့က စီစဉ်ပေးသွားမှာဖြစ်ပြီး ရဲသားတွေကိုလည်း သက်ဆိုင်ရာညာလက်တွေ မြောက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။


သူရေး (D Nae Thit)