ချစ်သူရဲ့ လိင်တူချစ်သူအမျိုးသားက အက်စစ်နဲ့ပက်လို့ မျက်လုံးကွယ်ခဲ့ရသူ

2019-08-10 18:25:26


ချစ်သူရဲ့ လိင်တူချစ်သူအမျိုးသားက အက်စစ်နဲ့ပက်လို့ မျက်လုံးကွယ်ခဲ့ရသူ

ဖိလစ်ပိုင်နိုင်ငံက အသက်(၂၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းဖောက်ပြန်နေတဲ့ ချစ်သူကောင်လေးရဲ့ လိင်တူချစ်သူ Gay က မျက်နှာကို အက်စစ်နဲ့ပတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အခု မျက်လုံးတွေ ကွယ်နေရပြီလို့ သိရပါတယ်။


အက်စစ်နဲ့အပတ်ခံခဲ့ရသူကတော့ Glory Cuerda ဖြစ်ပြီး၊ အသက်(၂၇)နှစ်ပါ။ သူမဟာ John Rey Garay (၃၀)နှစ်နဲ့ စတင်လက်တွဲခဲ့တာ သိပ်မကြာသေးဘဲ၊ နောက်ကွယ်မှာ ချစ်သူ Garay က Gay တစ်ဦးဖြစ်တဲ့ Ramon ‘Mona’ Colada (၃၀)နှစ်နဲ့ ဖောက်ပြန်နေတာကို မရိပ်မိခဲ့ပါဘူး။




Ramon ဟာ Glory ကို မနာလိုစွာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရက်ရက်စက်စက် အက်စစ်နဲ့ပတ်ပြီး တိုက်ခိုက်ခဲ့တာပါ။ Ramon (အင်္ကျီချွတ်နဲ့လူ)ကို ရဲက ပြစ်မှုကျူးလွန်ပြီး နာရီအနည်းငယ်အကြာမှာပဲ ဖမ်းနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Bicol စီရင်စု Pasay City မှာ ဖြစ်ခဲ့တာပါ။




Garay ကတော့ Glory နဲ့ ဇာတ်လမ်းပြတ်နိုင်ပေမယ့် Ramon နဲ့တော့ မပြတ်စဲနိုင်ဘူးလို့ ပြောပါတယ်။ ဇူလိုင်(၂၀)ရက်က Glory အလုပ်လုပ်နေတဲ့ စူပါမားကတ်မှာ Ramon က အနားကိုချဉ်းကပ်ပြီး အက်စစ်နဲ့ ပတ်ခဲ့တာပါ။ သူမရဲ့အဆိုအရ Glory ရဲ့လိင်တူချစ်သူကို အခုမှ ပထမဆုံးမြင်ဖူးတာပါတဲ့။




Glory က စူပါမားကတ်မှာ အရောင်းစာရေးမအဖြစ် ထမ်းဆောင်ပြီး၊ အဲဒီမှာ Garay က လုံခြုံရေးဝန်ထမ်း ဖြစ်ပါတယ်။ အခုတော့ Garay ကို အမြန်ဆေးကုသနိုင်ရေး သက်ဆိုင်ရာက စီစဉ်ပေးနေပါတယ်။ Ramon ကတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တရနေပါတယ်တဲ့။


နေသူရိန် (D Nae Thit & D Nae Khit)


source : The Sun