မီးပွိုင့်မှာ ဆိုင်ကယ်စီးအမျိုးသမီးကို တည့်တည့်ကြီး ဖြတ်နင်းခဲ့တဲ့ ဆယ်ဘီးကား(ရုပ်/သံ)

2019-08-10 18:58:16


မီးပွိုင့်မှာ ဆိုင်ကယ်စီးအမျိုးသမီးကို တည့်တည့်ကြီး ဖြတ်နင်းခဲ့တဲ့ ဆယ်ဘီးကား(ရုပ်/သံ)

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သြဂုတ်လ (၈)ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ အခင်းဖြစ်ခဲ့ရာနေရာကတော့ Chao Fah East လမ်းမပေါ်၊ Soi Thep Anusorn လမ်း၊  Thepnimit ဘုရားကျောင်းအနီးက မီးပွိုင့်မှာ ဖြစ်ခဲ့တာပါ။


အဆိုပါ မီးပွိုင့်အနီးက CCTV ကို စစ်ဆေးတဲ့အခါ အဖြူရောင်ဆယ်ဘီးကားအပါအဝင် ယာဉ်အချို့ မီးနီမိလို့ စနစ်တကျ တန်းစီရပ်ပြီး စောင့်ဆိုင်နေတာကို တွေ့ရပါတယ်။ အဲဒီမှာ မီးပွိုင့်လွှတ်ကာနီးမှာ အမျိုးသမီးတစ်ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ဟာ ကားကြီးရှေ့ကို ဝင်သွားတာပါ။


ဥပဒေအရ ဆိုတာထက်၊ မျက်မြင်အရဆိုရင်တော့ ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးက မှားတာဖြစ်ပါတယ်။ သူမဟာ မီးပွိုင့်နီနေစဉ်မှာ ရပ်ရမယ့်နေရာထက် ရှေ့တိုးပြီးရပ်ခဲ့တာဖြစ်သလို၊ ကားကြီးမောင်းသူရဲ့ Blind Spot ထဲကို ကျကျနန ဝင်သွားခဲ့တာ ဖြစ်ပါတယ်။



ဒါဟာ သူမရဲ့အမှားဖြစ်ခဲ့ပြီး၊ မီးပွိုင့်လွှတ်ချိန်မှာ သူမကို ဆယ်ဘီးကားကြီးက ကျကျနန ဖြတ်နင်းပါတော့တယ်။ ကားကြီးသမားလည်း ချက်ချင်း ရိပ်မိသွားခဲ့တာကြောင့် ကားကို ချင်းချင်းရပ်ခဲ့ပါတယ်။ အမျိုးသမီးကိုတော့ သက်ဆိုင်ရာက အမြန်ပို့ပေးခဲ့သော်လည်း ရရှိထားတဲ့ ဒဏ်ရာက ပြင်းထန်လို့ သေဆုံးသွားပါတယ်။ ကားဆရာကိုတော့ ရဲတပ်ဖွဲ့က ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုနဲ့ တရားစွဲဆိုထားကြောင်း သိရါတယ်။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : TheThaiger