မြမြကားဟာ လူပိန်းကြိုက်သရဲကားအဖြစ် ဝေဖန်နေသူတွေကို ဒဲ့ပြောလိုက်တဲ့ ဒါရိုက်တာမောင်သီ

2020-01-31 16:51:09


မြမြကားဟာ လူပိန်းကြိုက်သရဲကားအဖြစ် ဝေဖန်နေသူတွေကို ဒဲ့ပြောလိုက်တဲ့ ဒါရိုက်တာမောင်သီ

မြမြကားဟာ လူပိန်းကြိုက်သရဲကားအဖြစ် ဝေဖန်နေသူတွေကို ဒဲ့ပြောလိုက်တဲ့ ဒါရိုက်တာမောင်သီ


မဒိန်းကျင့်ပြီး အသတ်ခံခဲ့ရတဲ့ မြမြဆိုတဲ့ စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ယောက်ရဲ့ ဝိဉာဉ်ဝင်ရောက်ပူးကပ်ပြီး တရားခံတွေကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေပန်းအစားဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ ဒီသတင်းကို အခြေခံပြီး ဒါရိုက်တာ ညိုမင်းလွင်က ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးခဲ့ပြီး မြမြ နေရာမှာ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော် သရုပ်ဆောင် ထားတာဖြစ်ပါတယ် ။ ရုံမတင်ခင်တည်းက ပရိသတ်တွေဆီက ဝေဖန်မှုတွေ အများကြီးခံခဲ့ရပြီး ပေါကား တစ်ကားလောက်ပဲဖြစ်မှာပါလို့ ထင်ကြေးတွေ ပေးခံခဲ့ရပါတယ် ။


ဒီလိုဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာမောင်သီက  “ တခါတရံ အနုပညာသည် ပန်းချီကားတချပ် သီချင်းတပုဒ် ကဗျာတပိုဒ် မှတဆင့် ထပ်ဆင့်စိတ်ကူးဖြန့်ထွက်ခြင်းဖြင့် ပေါ်ပေါက်လာရသည်။ ယခုလည်း “မြမြ” သည် Facebook ပေါ်မှ လူစိတ်ဝင်စားသောသတင်းတပုဒ် ကိုအခြေခံပြီး ညိုမင်းလွင်က စိတ်ကူးဖြန့်ကျက်ရာမှ ပေါ်ပေါက်လာရသည်။ သို့သော် ပေါ်ပင်သတင်းတပုဒ်ကို လူပိန်းကြိုက်သရဲကားအဖြစ် လုပ်စားထားတာနေမှာပါကွာ ဆိုပြီး ရုံထဲဝင်ဆဲဖို့ပြင်သောသူများအတွက် တော့အရှိုက်ထိမှာ သေချာသည်။အဖြေမထွက်သော သတင်းတပုဒ်ကို သင်ဇာဝင့်ကျော်၏ပုခုံးပေါ်မှ tattoo မျက်မှောက်ခေတ် စီးပွါးရေး၊လူမှုရေးပြဿနာ … လူငယ်တို့၏စူးစမ်းဆင်ခြင်မှု … မြန်မာအမျိုးသမီးထု၏ဘဝ သရုပ်ဆောင်သစ်များနဲ့ အရဲစွန့်စမ်းသပ်မှု … တချို့သောစိတ်ကူးများနှင့်ရုပ်ရှင်အနုပညာ၊အတတ်ပညာ တို့ဖြင့်ညိုမင်းလွင် က အချိုးကျပေါင်းစပ်လိုက်သောအခါ အတွေးအခေါ်နဲ့ရသကိုပေးနိုင်စွမ်းသော အဆင့်အတန်းမြင့်ရုပ်ရှင်ကားတကားဖြစ်လာသည်။ “ ဆိုတဲ့စာသားလေးနဲ့အတူ မြမြ ကားကို ဝန်းရံထားတာတွေ့ရပါတယ် ။


မြမြ ဟာ အခြေခံလူတန်းစားတရပ်ရဲ့  ရဲဝံ့တဲ့ ခေါင်းဆောင် ၊ မြမြဟာ သနားစရာ သရဲမ ၊  မြမြဟာ အားနွဲ့သောအမျိုးသမီးတို့၏ပြယုဂ် ၊  မြမြဟာ ဥပဒေကိုလွန်၍ အမှန်တရားကိုရှာဖွေနေသောသူ ဖြစ်ပြီး ဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ  မြမြ ဟာ တကယ်လား  မဟုတ်ပါ ၊  ဒါဖြင့် မြမြဟာတကယ်မရှိဘူးလား ?ရှိပါတယ် ၊ ကျွန်တော့်အဖြေကတော့မြမြ သည်”ညိုမင်းလွင်၏ စိတ်ကူးယဉ်ဝန်းကျင်အောက်မှာ အစစ်အမှန်တည်ရှိနေသော အနုပညာ” ဟု သာ ။ ဆိုတဲ့ စာသားနဲ့အတူ မြမြ ရုပ်ရှင်ဇာတ်ကားကြီးဟာ အနုပညာဖန်တီးမှုတစ်ခုသာဖြစ်ကြောင်းနဲ့ ပေါကား လို့ သတ်မှတ်ထားသူတွေ နောင်တရသွားစေမယ့်ကားလို့ ဝေဖန်ခဲ့တာပဲဖြစ်ပါတယ် ။


Source : Maung Thi


Molly ( Cele Connections)