ဇာတ်ကားရိုက်ပြီးပြန်လာရင် မြန်မာပြည်ထဲဝင်ခွင့်မရမှာစိုးရိမ်နေတဲ့ သင်ဇာဝင့်ကျော်

2020-02-01 08:53:00


ဇာတ်ကားရိုက်ပြီးပြန်လာရင် မြန်မာပြည်ထဲဝင်ခွင့်မရမှာစိုးရိမ်နေတဲ့ သင်ဇာဝင့်ကျော်

ဇာတ်ကားရိုက်ပြီးပြန်လာရင် မြန်မာပြည်ထဲဝင်ခွင့်မရမှာစိုးရိမ်နေတဲ့ သင်ဇာဝင့်ကျော်


သင်ဇာဝင့်ကျော်ဟာ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ….မိမိယုံကြည်ရာကို တစိုက်မတ်မတ်လုပ်တတ်ပြီး အနုပညာနဲ့ ပတ်သက်လာရင်လည်း ပါဝင်သရုပ်ဆောင်ရာ ဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်…


လတ်တလောမှာလည်း သင်ဇာဟာ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကား ၂ ကားရှိပြီး အဆိုပါ ဇာတ်ကားတွေက တရုတ်-မြန်မာချစ်ကြည်ရေး ဇာတ်ကားတွေဖြစ်ပါတယ်…..ဒါကြောင့် တရုတ်ပြည်မှာ သွားရောက်ရိုက်ကူးရမှာ ဖြစ်ပြီး ဒီ့အတွက်နဲ့ စိတ်ပူမိတဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ခုလို ပြောပြခဲ့ပါတယ်…




“ဒီရက်ပိုင်းတွေအတွင်းမှာ သင်ဇာဝင့်ကျော်အနေနဲ့ အရည်ကျိတ်တစ်ခုခွဲတာကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်…ဒါပေမယ့် ဒီလအတွင်းမှာပဲ အနုပညာလုပ်ငန်းတွေကို တောက်လျှောက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်…. တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ မသေချာသေးပေမဲ့ ရိုက်ဖြစ်မယ်ဆိုရင် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သွားမှာဖြစ်တယ်လို့ သင်ဇာကပြောပြပါတယ်…ဇာတ်ကားသွားရိုက်ရမှာကို စိတ်ပူမိသလို တရုတ်မှာရိုက်ကူးပြီးလို့ မြန်မာပြည်ပြန်ဝင်လာတဲ့အခါ ဝင်ခွင့်မရတော့မှာကိုလည်း စိုးရိမ်မိတဲ့အကြောင်း သူမက ဆိုပါတယ်…..




ဒါပေမဲ့ မသွားခင်မှာတော့ သေချာလေ့လာပြီးမှ သွားမှာပါလို့ သူမက အင်တာဗျူးတစ်ခုကနေ ဖြေဆိုခဲ့ပါတယ်….

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနေလာတဲ့ လေကြောင်းလိုင်းတွေကို ပိတ်ပင်ခဲ့တဲ့ နိုင်ငံအချို့လည်း ရှိတာကြောင့် သင်ဇာ့အနေနဲ့ ခုလို စိတ်ပူနေမိတာပဲ ဖြစ်ပါတယ်…..


Writer – HW (Shwe Yaung Lan)

Source : ဆယ်လီရပ်ကွက်