ရုပ်လေးချောပေမေယ့် ရွှေကြိုဆန်ကာတင်ထဲတောင်မပါခဲ့တဲ့ ခိုင်မြတ်သဇင်ကို အားပေးလိုက်တဲ့ ယုန်လေး

2020-02-01 14:03:44


ရုပ်လေးချောပေမေယ့် ရွှေကြိုဆန်ကာတင်ထဲတောင်မပါခဲ့တဲ့ ခိုင်မြတ်သဇင်ကို အားပေးလိုက်တဲ့ ယုန်လေး

ရုပ်လေးချောပေမေယ့် ရွှေကြိုဆန်ကာတင်ထဲတောင်မပါခဲ့တဲ့ ခိုင်မြတ်သဇင်ကို အားပေးလိုက်တဲ့ ယုန်လေး


(၂၀၁၉) ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုရွေးပွဲကြီးကို မကြာခင်အချိန်အတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲရဲ့ အရေးပါတဲ့နေရာတစ်နေရာဖြစ်တဲ့ ရွှေကြိုမောင်မယ် ရွေးချယ်ပွဲကိုလည်း ကျင်းပခဲ့ရာ


အခုဆိုရင် ဆန်ကာတင်အယောက် (၈၀) ထွက်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုတော် ယုန်လေးကလည်း သူ့ရဲ့ညီမလေးလို ခင်မင်ရတဲ့ ခိုင်မြတ်သဇင် ရွှေကြိုဆန်ကာတင်ထဲ မပါဝင်ခဲ့တာနဲ့ ပတ်သတ်ပြီး အခုလို အားပေးစကားပြောထားပါတယ်။


“ရွှေကြို အရွေးမခံရလို့ စိတ်ဓာတ်ကျနေတဲ့ ကျွန်တော့်ညီမလေး ခိုင်မြတ်သဇင်ကို ဝိုင်းအားပေးပေးပါ။ အယောက် ၈၀ ထဲတောင်မပါတော့လည်း ခံစားရမှာပေါ့။ ပြိုင်ပွဲ တစ်ခုပြိုင်ရင်တော့ နိုင်ဖို့အတွက် ပြင်ဆင်သလို အရှုံးကိုလည်း ထည့်တွက်ထားရမှာပေါ့။”


“ပြိုင်ပွဲ တစ်ခု ရူံးတာ အရွေးမခံရတာ တစ်ဘဝ လုံးရူံးသွားတာမှမဟုတ်တာ။ ဘဝ နဲ့ ယှဉ်ရင် အရမ်းသေးငယ်တဲ့ အစိတ်ပိုင်းလေး တစ်ခုပါ ။ ဘဝ အတွက် အဲ့ထက် ရင်ခုန်စရာကောင်းတဲ့ ပြိုင်ပွဲတွေ အဓိကကျတဲ့ အရာတွေမှာ အနိုင်ရအောင်ပြင်ဆင်ပါ ။


အခွင့်ရေးဆိုတာ စိတ်ရှိသရွေ့ ကိုအလုပ်ပေါ်စေတနာနဲ့ တန်ဖိုးထားနေသရွေ့ အမြဲအခွင့်ရေး အခွင့်လမ်းက ပေါ်လာမှာပါ ။ စိတ်ဓာတ်မကျဖို့ နဲ့ အမြဲတမ်း ကိုယ်ဘက်က Ready ဖြစ်နေဖို့တော့လိုတယ်။”


“အမှတ်ပေး ဒိုင်တွေကလည်း အချိန်ပေးပြီး အကုန်စေတနာနဲ့ ကိုယ့်လောက အတွက် လာလုပ်ပေးကြရတာပါ။ အစထဲက မူကိုပြောထားရင် ကလေးတွေ နေပူထဲမရပ်ရဘူး။ ရင်မခုန်ရတော့ဘူးပေါ့။ ညီမလေး ပြုတ်တာ မဟုတ်ပါဘူး။


အဲ့လိုပဲ အများကြီး မပါသွားတာ။ Special 9 နဲ့ တခြား ရုပ်ရှင်တွေမှာ ပါဝင်ဖူးတာရယ်၊ အသက် ၂၂ နှစ်အောက်တွေကြီးပဲ ရွေးတယ်လည်း ပြောပါတယ် ။”


“အစတုန်းက ကိုယုန် ရွှေကြို ဘယ်လိုလျောက်ရလဲဆိုတော့ ကျွန်တော့်ညီမကို ကျွန်တော်ဆူတယ်။ အားအားယားယားကွာ ဆိုပြီး ဘာမှလည်း မစုံစမ်းပေးဘူး။ ပြီးတော့ Mandalay ကနေ သူဟာသူ အကုန်လုပ်ပြီး အိမ်ရောက်လာတယ်။ ရီမောပြီး ထပ်ဆူတယ်။


အယောက် ၁၀၀၀ လောက်ထဲက ရွေးမှာဆိုတော့ နင်တော်တော် အားနေတာပဲဆိုပြီး ဒါပေမယ့် သူပြန်ပြောတာလေးတွေကို နားထောင်ပြီး ငါ့ညီမလေး ပါပါစေလို့ ဆုတောင်းပေးနေတယ်။ သတင်း နားထောင်ပေးနေတယ်။”



“ခိုင်မြတ်ပြောတာ သမီး နယ်မှာနေတော့ ချက်ချင်း Ready မဖြစ်တဲ့ အခါမျိုးတွေ၊ ကိုယ်တွေတောင် သူများကို နေရာပေးရတာတွေရှိတာကို။ သမီးမှာ အနုပညာ လူပ်ရှားမူ့ ဘာမှမရှိဖူးလေတဲ့။


ကလေးဆိုတော့လည်း ဘာမှ မလုပ်တတ်၊ Tiktok ဆော့၊ပုံလေးတွေတင် ဒီလောက်ပဲ ကိုယ်တွေကလည်း တစ်နှစ်နေလို့ မှ ၁ကား၊ ၂ကားပဲ ရိုက်တော့ ပြီးတော့ ဇာတ်ကောင်နဲ့ လိုက်ဦးမှ အဲ့ဒါဆိုတော့ သူ့အတွက်နေရာမပေးနိုင်ခဲ့ဘူး။”


“သူစိတ်မကောင်းစွာ ပြောတော့ ကိုယ်လည်း စိတ်မကောင်းပဲ ရွှေကြိုမှာ ပါပါစေပဲ ဆိုတောင်းပေးပြီး သတင်းနားထောင်နေခဲ့တာ။ ဗီဒီယို ဆိုတာကြီးကလည်း မရှိတော့ ဂီတဘက်ကလည်း စီးရီး DVD အခွေထွက်တာတွေ ဘာတွေ အရင်လိုမရှိတော့ လူငယ်များ အတွက်


နေရာတွေ မရှိသလောက်ရှားတယ် လူငယ်တွေ အနေနဲ့ အနုပညာလူပ်ရှားမူ့ တစ်ခုခုဆိုတာနဲ့ အခွင့်ရေးတစ်ခုကို ကြိုးစားချင်ကျတယ်။ ဒါလည်းမမှာပါဘူး။ စိတ်ဓာတ်ကျရင်တော့ မှားပြီ။”


“ဝင်လျောက်ပြီး အရွေးမခံရတဲ့ ညီလေး ညီမလေးတွေကိုလည်း စိတ်ဓာတ်ဆိုတာကျစရာမဟုတ်ပါဘူး ။ ကိုယ်မပါတာနဲ့ ပါတဲ့လူကို အကြောင်းပြချက် အမျိုးမျိုးနဲ့ မဝေဖန်ပါနဲ့။ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဟာကို အကောင်းဆုံး ပြင်ဆင်ပါ။ လေ့လာပါ။


အခွင့်ရေးပေးရင် ချက်ချင်းရနိုင်အောင် အမြဲတမ်း အဆင့်သင့်ဖြစ်အောင် အကောင်းဆုံးပြင်ဆင်ထားကျပါ။ ငါ့ညီလေးတွေ ညီမလေးတွေ ပြိုင်ပွဲ တိုင်းအနိုင်ရနိုင်ပါစေ။ အားလုံး Peace . . .” ဆိုပြီး ပြောထားပါတယ်။


ယုန်လေးပြောသလိုပဲ ပြိုင်ပွဲတိုင်းက နိုင်တာရှိသလို ရှုံးတာလဲရှိတာမို့ အကောင်းဆုံးကိုသာ ပြင်ဆင်ထားကြပါလို့ ဆုတောင်းပေးလိုက်ပါတယ်။


Rowena

Source: Yone Lay’s fb