မိန်းမနှစ်ယောက်ချစ်ခြင်းကို ရိုက်ကူးထားတဲ့ MTVကြောင့် အထင်သေးစော်ကားပြောဆိုခြင်းတွေအပြောခံရတဲ့ အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ဆောင်းယွန်းစံ

2020-02-01 14:04:47

ပရိသတ်ကြီးရေ.. ချစ်စရာကောင်းပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုလောက်တော့ပါဘူးနော်..။

အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ဆောင်လာပြီး ပြီးခဲ့နှစ်အကယ်ဒမီရွှေကြိုမှာတော့ ပရိသတ်တွေရဲ့တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဆောင်းယွန်းလေးကတော့ အခုဆိုရင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော်လေး ဆောင်းယွန်းစံကတော့ မိန်းမလေးချင်းကြိုက်တာကို ရိုက်ကူးထားတဲ့ MTV လေးတစ်ပုဒ်ကြောင့် ဝေဖန်အထင်သေးကာ ပြောဆိုခြင်းခံရတဲ့အကြောင်းလေးတွေကို ရင်ဖွင့်ပြောပြလာပါတယ်နော်..။

အရမ်းခင်တဲ့ သူငယ်ချင်းမို့ သရုပ်ဆောင်ရိုက်ကူးပေးလိုက်တဲ့ MTV လေးကြောင့် နောက်ဆက်တွဲကြုံတွေခဲ့ရတဲ့ ဂယက်တွေအများကြီးထပြီး အရမ်းအထင်သေးခံရတာတွေကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ပိုက်ဆံပေးတိုင်း ရိုက်မှာမဟုတ်သလို အဲ့လိုမျိုး အပြောခံရတာကို ဆောင်းရှက်တာ အတတ်နိုင်ဆုံး ကိုယ့်သိက္ခာကို ထိန်းတယ် သိက္ခာကိုရောင်းမှ ခန္ဓာကိုယ်ကိုရောင်းမှဖြစ်လာမယ့် အောင်မြင်မူမျိုးကိုမလိုချင်ဘူး။

ဆောင်းရဲ့ အဖေ သိက္ခာကြစေမယ့် အလုပ်မျိုးဆိုလည်း ရှောင်တယ် ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြထားပါသေးတယ်နော်..။

Video ကြည့်ရန်

ဒီကနေ့လေးမှာတော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေနဲ့ ဝေဖန်အထင်သေးခံခဲ့ရတဲ့ အကြောင်းလေးတွေကို ရင်ဖွင့်ပြောပြလာတဲ့ ဆောင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Saung Yoon San’s Fb & Thu Rein