သမ္မတကြီးနဲ့အတူတူ ရုပ်ရှင်ကြည့်ခွင့်ရရှိခဲ့တဲ့ မြင့်မြတ်၊ မေမြင့်မိုရ်၊ ထူးအောင်၊ အောင်ရေချမ်း

2020-02-01 14:06:59


သမ္မတကြီးနဲ့အတူတူ ရုပ်ရှင်ကြည့်ခွင့်ရရှိခဲ့တဲ့ မြင့်မြတ်၊ မေမြင့်မိုရ်၊ ထူးအောင်၊ အောင်ရေချမ်း

သမ္မတကြီးနဲ့အတူတူ ရုပ်ရှင်ကြည့်ခွင့်ရရှိခဲ့တဲ့ မြင့်မြတ်၊ မေမြင့်မိုရ်၊ ထူးအောင်၊ အောင်ရေချမ်း


စာရေးဆရာတင်ညွှန့် ရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်” ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာ ပရိသတ်တွေ သဘောကျခဲ့ကြပါတယ်။


“ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည်နဲ့ မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။



ရုံတင်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး စင်္ကာပူနိုင်ငံအထိ ပြသနိုင်ခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။


“ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယကြိမ် လွှတ်တော်များ၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြသခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။



မနေ့က ဇန်နဝါရီ်လ (၃၁) ရက်နေ့မှာတော့ “ရိုးမပေါ်ကျတဲ့မျက်ရည်” အဖွဲ့သားများဖြစ်တဲ့ ကိုပေါက်၊ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ခင်လှိုင်၊ မေမြင့်မိုရ်တို့က နိုင်ငံတော်သမ္မတကြီးနဲ့အတူတူ ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။


“ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားတွေအတွက် အရမ်းဂုဏ်ယူစရာကောင်းတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။


Rowena

Source: May Myint Mo’s fb