“ဝူဟန်ဗိုင်းရပ်စ်အကြောင်းကို အချိန်နဲ့တစ်ပြေးညီမှန်ကန်စွာသိရှိနိုင်ဖို့ ကြည့်သင့်တဲ့ နေရာလေးကိုပြောပြလိုက်တဲ့ လွင်မိုး”

2020-02-01 15:52:51


“ဝူဟန်ဗိုင်းရပ်စ်အကြောင်းကို အချိန်နဲ့တစ်ပြေးညီမှန်ကန်စွာသိရှိနိုင်ဖို့ ကြည့်သင့်တဲ့ နေရာလေးကိုပြောပြလိုက်တဲ့ လွင်မိုး”

“ဝူဟန်ဗိုင်းရပ်စ်အကြောင်းကို အချိန်နဲ့တစ်ပြေးညီမှန်ကန်စွာသိရှိနိုင်ဖို့ ကြည့်သင့်တဲ့ နေရာလေးကိုပြောပြလိုက်တဲ့ လွင်မိုး”


လွင်မိုးကတော့ တစ်ခေတ်တစ်ခါကအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတစ်လက်အနေနဲ့ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားကာ စီးပွားရေးကိုသာဇောက်ချလုပ်ကိုင်နေတာဖြစ်ပါတယ်။အားလပ်တဲ့အချိန်တွေမှာလည်း သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမြင်မတော်တာလေးတွေကို ရေးသားလေ့ရှိပြီး လွန်ခဲ့တဲ့ရက်ပိုင်းကမှ အခုလက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာအဖွဲ့အစည်းကနေပြီးတော့ တစ်နေ့နှစ်ကြိမ်သတင်းထုတ်ပြန်ဖို့ စာရေးသားကာတင်ခဲ့ပါသေးတယ်။


ဒီနေ့မနက်မှာတော့ သူသိရှိထားတဲ့ ဝူဟန်ဗိုင်းရပ်စ်ရဲ့နောက်ဆုံးရသတင်းလေးကို မျှဝေပေးခဲ့တာပါ။ “Updated (၁၁၉၂၁)ရောဂါဖြစ်ပြီး (၂၅၉)သေဆုံးကာ (၂၇)နိုင်ငံရောဂါကူးစက်နေပါပြီ.. တစ်ညထဲ ရောဂါကူးစက်ခံရသူ (၂၀၀၀)ခန့်ရှိနေပြီး သေဆုံးသူ(၂၀)လောက်ရှိနေပါတယ်” လို့ဒီနေ့နောက်ဆုံးရသတင်းလေးကို တင်ပေးလိုက်တာပါ။ဒါ့အပြင် လက်ရှိအချိန်မှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူလူထုတစ်ခုလုံးကစိုးရိမ်နေကြတဲ့အပြင် သတင်းအမှားတွေလည်း များစွာဖြန့်နေကြတာကြောင့် ဘယ်သတင်းအရင်းအမြစ်ကိုယုံရမလဲမသိကြတဲ့ပြည်သူတွေအတွက် ကြည့်လို့ရမယ့်နေရာလေးတစ်ခုကို ညွှန်းပေးခဲ့ပါသေးတယ်။


အဲ့ဒါကတော့ https://thewuhanvirus.com/ ဖြစ်ပြီး အဲ့ဒီ website လေးမှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ real time wuhan virus status ကိုအချိန်နဲ့တစ်ပြေးညီတင်ပေးနေတာဖြစ်လို့ သတင်းအမှန်သိချင်တဲ့ပရိသတ်ကြီးအတွက် လွင်မိုးကတော့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။