ထောင်ဒဏ်(၇)နှစ်ချမှတ်ခံရတဲ့ အစ္စဏီအတွက် အသနားခံစာတင်သွင်းသွားကြမယ့် ဂီတအနုပညာရှင်များ

2020-02-01 15:59:28


ထောင်ဒဏ်(၇)နှစ်ချမှတ်ခံရတဲ့ အစ္စဏီအတွက် အသနားခံစာတင်သွင်းသွားကြမယ့် ဂီတအနုပညာရှင်များ

ထောင်ဒဏ်(၇)နှစ်ချမှတ်ခံရတဲ့ အစ္စဏီအတွက် အသနားခံစာတင်သွင်းသွားကြမယ့် ဂီတအနုပညာရှင်များ


နိုင်ငံကျော် အဆိုတော် အစ္စဏီကတော့ ပုဒ်မကြီး (၃) ခုနဲ့ ထောင်ဒဏ် (၇)နှစ်တိတိ ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အစ္စဏီကို တရားလိုဘက်က အမှုကျေအေးပေးလိုက်ပေမယ့် တရားရုံးက အခုလိုပဲ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ မိခင်နဲ့ အဖိုး၊ အဖွားတွေကို ရှာကျွေးနေတဲ့ အစ္စဏီအတွက် ဂီတအသိုင်းအဝိုင်းက အသနားခံစာတင်သွင်းမယ့်အကြောင်းကို ဂီတပညာရှင် နိုင်ဇော်က အခုလိုပြောထားပါတယ်။


“တေးသံရှင်အစ္စဏီ၏အယူခံကိုမကြားနာမှီအချိန်အတွင်းဂီတအနုပညာရှင်ညီအကိုမောင်နှမများ၏အကူအညီတခုလိုအပ်နေပါသဖြင့်ပါဝင်ကူညီလိုသောအနုပညာရှင်များကိုဖိတ်ခေါ်အပ်ပါသည်။”


“အစ္စဏီအနေဖြင့် လက်ရှိချမှတ်ထားသော ထောင်ဒါဏ်၇နှစ်ဆိုသော အပြစ်သည် (ကာယကံရှင်မိန်းကလေးဘက်မှကျေအေးပါသည်ဟု လက်ခံပါရက်နှင့် အမြင့်ဆုံး) အပြစ်ဒါဏ်ချမှတ်ခံရသောကြောင့် သူ့အနာဂါတ်အနုပညာကိစ္စများ ဆက်လက်ဆောင်ရွက်နိုင်ရန် နှင့်သူ့မိခင်ကြီးကို ပြုစုပြီးအမှားများပြင်ဆင်နိုင်ရန်ု (အချို့သောထုတ်ဖော်မပြောသင့်သည့်အချက်များအရ) တရားဥပဒေ၏သနားငှဲ့ညာမှု့ ဖြင့်အပြစ်ဒါဏ်ကိုလျှော့ပေါ့ပေးသင့်ပါသည်ဟုယူဆမိပါသည်။”


“ထို့ကြောင့် သက်ဆိုင်ရာဥပဒေတာဝန်ရှိသူလူကြီးများထံ အသနားခံစာတင်သွင်းပေးရန်အတွက် ပါဝင်ကူညီလိုသော ဆန္ဒရှိသူအနုပညာသမား ဂီတမိတ်ဆွေ များ ကို ဖိတ်ခေါ်အပ်ပါသည်။ တင်သွင်းမည့်စာတွင်ပါဝင်လိုသူများ ကျနော့်ဆီသို့cbမှဖြစ်စေ 095110432 သို့ viberမှ ဖြစ်စေ Message box မှဖြစ်စေဆက်သွယ်စာရင်း ပေးနိုင်ပါသည်။ ”


“ပါဝင်သောသူများ၏ နာမည်များကို မည်သူမှမသိစေရန် လျှို့ဝှက်ပေးပါမည်။ လူမှု့ရေးပရဟိတစိတ်ဖြင့်သာ ကျနော့်အနေဖြင့် ပါဝင်ကူညီခြင်းဖြစ်ပြီး အမှားအမှန် မည်သူ့ကိုမှ နစ်နာစေလိုသောစိတ်ဖြင့် ပါဝင်ခြင်းမဟုတ်ပါ။ ဂီတသမားများနေနိုင်လွန်းသည်ဟူသော စကားကိုမခံယူချင်ပါသဖြင့် နာမည်ကြီးသည် ငယ်သည် မရွေးပါဝင်ကူညီသင့်ပါသည်ဟု တိုက်တွန်းအပ်ပါသည်။” ဆိုပြီး နိုင်ဇော်က ပြောထားပါတယ်။


ဒီကနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာတော့ အစ္စဏီရဲ့ အမှုအတွက် အယူခံကို တရားရုံးက လက်ခံလိုက်ပြီး အစ္စဏီရဲ့မိခင်၊ အစ္စဏီရဲ့ရှေ့နေ ကိုကျော်ဇင်ဦးနဲ့ နိုင်ဇော်တို့က အစွမ်းကုန်ကြိုးစားသွားမယ်လို့ သိရပါတယ်။