သနပ်ခါးပါးကွက်လေးလိမ်းပြီး အဖြူအစိမ်းဝတ်စုံလေးနဲ့ ကျောင်းသူလေးလို နုနယ်လှပနေတဲ့ ပိုးမမှီသာ

2020-02-01 15:59:51


သနပ်ခါးပါးကွက်လေးလိမ်းပြီး အဖြူအစိမ်းဝတ်စုံလေးနဲ့ ကျောင်းသူလေးလို နုနယ်လှပနေတဲ့ ပိုးမမှီသာ

သနပ်ခါးပါးကွက်လေးလိမ်းပြီး အဖြူအစိမ်းဝတ်စုံလေးနဲ့ ကျောင်းသူလေးလို နုနယ်လှပနေတဲ့ ပိုးမမှီသာ


ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး ပိုးမမှီသာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း MV မှာ သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူလေး ဖြစ်ပါတယ်။ ဆရာဝန်လောင်းလေးတစ်ဦးဖြစ်တဲ့ ပိုးမမှီသာက ဆေးတက္ကသိုလ်တက်ရင်းနဲ့ အားလပ်ချိန်မှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်သူတစ်ဦး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး တည်ငြိမ်လှပတဲ့ ပိုးမမှီသာကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။


မြန်မာဆန်ဆန်လေးသာ ဝတ်စားဆင်ယင်တတ်တဲ့ ပိုးမမှီသာက ဒီတစ်ခေါက်မှာလည်း ကျောင်းစိမ်းအင်္ကျီလေးဝတ်ပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို လှနေတာကို တွေ့ရပါတယ်။


သနပ်ခါးပါးကွက်ကြားလေးကလည်း ပိုးမမှီသာကို ပိုပြီးချစ်စရာကောင်းအောင် ဖန်တီးပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပိုးမမှီသာရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပိုးမမှီသာကတော့ သူမငယ်စဉ် အထက်တန်းကျောင်းတက်စဉ် ကျောင်းသူဘဝတုန်းကတော့ ဒီလိုပုံစံ မဟုတ်ပါဘူးလို့ ပြောထားပါတယ်။


ပိုးမမှီသာကတော့ ကျောင်းစိမ်းလေးနဲ့ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ပိုးမမှီသာရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။