ရှိုးထုတ်ဖို့အတွက် Boots ကြီးဝတ်ပြီးကာမှ ချွတ်မရလို့ အရပ်ကူပါလူဝိုင်းမှာဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသု

2020-02-02 12:48:15


ရှိုးထုတ်ဖို့အတွက် Boots ကြီးဝတ်ပြီးကာမှ ချွတ်မရလို့ အရပ်ကူပါလူဝိုင်းမှာဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသု

ရှိုးထုတ်ဖို့အတွက် Boots ကြီးဝတ်ပြီးကာမှ ချွတ်မရလို့ အရပ်ကူပါလူဝိုင်းမှာဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသု


မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့သူပါ။ရုပ်ရှင်ဒါရိုက်တာဏကြီးနဲ့ လက်ထပ်ထားပြီး သာယာပျော်ရွှင်တဲ့သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလေ့ရှိပါတယ်။


အခုလည်း ရိုက်ကွင်းမှာ ရှိုးထုတ်ပြီးကာမှ အခွီလေးတွေဖြစ်ခဲ့ရတဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်မှာ ပြန်လည်မျှဝေထားပါတယ်။သုသုကတော့ “ဒေါ်သုနော်….အမိုက်စားကောင်မလေးတွေကိုအားကျလို့ သူတို့လိုများမိုက်သွားမလားဆိုပြီး bootsကြီးဝတ်ပြီးဓါတ်ဖမ်းတယ်…..ဖိနပ်ပြန်ချွတ်တဲ့အချိန်ကျမှသေတာပဲ…..အရပ်ကူပါလူဝိုင်းပါနဲ့…..ဦးရေခဲကြီးကူလို့သာဖိနပ်ကို ကတ်ကြေးနဲ့ညှပ်မချွတ်ရတယ်။ နောက်ကို မိုက်ချင်ယောင်မဆောတော့ပါဘူး။လိမ္မာပါတော့မယ်လို့” ဒါရိုက်တာကြီးတစ်ယောက် ဖိနပ်ကိုအတင်းချွတ်ပေးနေရတဲ့ပုံတွေနဲ့အတူ ရေးသားထားပါတယ်။


ဒီလိုအခွီလေးတွေဖြစ်နေတဲ့အချိန်မှာ အခြားသူတွေဓာတ်ဖမ်းပေးထားတဲ့အကြောင်းကိုလည်း “ကိုယ်တွေကမ္ဘာပျက်နေစဉ် Ria Bo Vich snap ဖမ်းထားတာတွေ ဒါတောင်မိတ်ကပ်ဆရာမ Lone Loneကဖိနပ်ခြေကန်ဆွဲ ဦးရေခဲကဒေါ်သုကိုဂျိုင်းကနေခြေကန်ဆွဲပြီး ဖိနပ်ချွတ်နေကြတဲ့ပုံမရလိုက်လို့” ရေးထားပါသေးတယ်။ရှိုးထုတ်ချင်တဲ့ မင်းသမီးလေးသုသုကတော့ အတော်လေးဒုက္ခရောက်ခဲ့ပုံပါပဲ။ဒါပေမဲ့လည်း ပုံလှလှလေးတွေကတော့ ပရိသတ်တွေဆီရောက်လာဦးမှာ အသေအချာပါပဲနော်….