Dancing With The Stars ရဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ နန့်ချစ်နဒီဇော်နဲ့ Tae Min

2020-02-03 15:26:41


Dancing With The Stars ရဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ နန့်ချစ်နဒီဇော်နဲ့ Tae Min

Dancing With The Stars ရဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ နန့်ချစ်နဒီဇော်နဲ့ Tae Min


ပရိသတ်တွေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စောင့်မျှော်အားပေးခဲ့ကြတဲ့ Dancing with the Stars Myanmar အစီအစဉ်ကြီးက မနေ့က ဖေဖော်ဝါရီလ (၂) ရက်နေ့မှာတော့ Grand Final ပွဲကြီးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ Grand Final မှာတော့ ဟန်တီနဲ့ Zuko ၊ Paul Austin နဲ့ မေသဲ၊ နန့်ချစ်နဒီဇော်နဲ့ Tae Min တို့ သုံးတွဲက အကောင်းဆုံး ယှဉ်ပြိုင်တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။


အဖွဲ့ သုံးဖွဲ့က သီချင်းသုံးပုဒ်စီ အကစတိုင် သုံးမျိုးစီနဲ့ ယှဉ်ပြိုင်ခဲ့ကြရာ နောက်ဆုံးမှာတော့ နန့်ချစ်နဒီဇော်နဲ့ Tae Min တို့ အတွဲက အမှတ်အများဆုံးနဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


တစ်ဖွဲ့ချင်းစီရရှိခဲ့တဲ့ အမှတ်အားလုံးပေါင်းက နန့်ချစ်နဒီဇော်နဲ့ Tae Min က (၈၆) မှတ်၊ Paul Austin နဲ့ မေသဲ က (၈၅) မှတ် နဲ့ ဟန်တီနဲ့ Zuko က (၈၀) မှတ် စီ ဒိုင်တွေဆီက အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။


နန့်ချစ်နဒီဇော်နဲ့ Tae Min တို့ကတော့ ပြိုင်ပွဲအစကတည်းက အပေးအယူမျှမျှနဲ့ ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးမှာ ပရိသတ်တွေရဲ့ Voting နဲ့ ဒိုင်တွေဆီက အမှတ်အများဆုံးအဖြစ် Winner ရရှိခဲ့တာ ဖြစ်ပါတယ်။


နန့်ချစ်နဒီဇော်နဲ့ Tae Min က Winner ဖြစ်သလို Paul Austin နဲ့ မေသဲက 1st Runner Up ၊ ဟန်တီနဲ့ Zuko က 2nd Runner Up ဆုတွေကို အသီးသီး ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။