Valentine Day အမှတ်တရအနေနဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးရိုက်ကူးခဲ့တဲ့ ခြူးလေး

2020-02-09 15:53:16


Valentine Day အမှတ်တရအနေနဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးရိုက်ကူးခဲ့တဲ့ ခြူးလေး

Valentine Day အမှတ်တရအနေနဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးရိုက်ကူးခဲ့တဲ့ ခြူးလေး


MRTV-4 ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေရင်ထဲကိုရောက်ရှိလာသူလေးကတော့ ခြူးလေးပါ ။ ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာဖြစ်တဲ့ စိမ်းဝါဆိုတဲ့ သူကြီးသမီးနေရာကနေ ပရိသတ်လက်ခံအားပေးလာခဲ့တာ အခုဆိုရင် ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးပြီး ပရိသတ်တွေအားပေးမှုကို အပြည့်ဝရရှိနေတဲ့မင်းသမီးလေး ဖြစ်နေပါပြီ ။ ပရိသတ်တွေအားလုံးသိတဲ့အတိုင်း Tik Tok မင်းသမီးလေးလို့ နာမည်ကြီးနေတဲ့အထိ ချစ်စရာကောင်းတဲ့ Tik tok တွေအများကြီးကို အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ အမြဲရိုက်ကူးပြီးမျှဝေပေးနေတဲ့မင်းသမီးလေး ပါ ။


လတ်တလောမှာ Valentine နေ့လဲ နီးလာတော့ Telenor ရဲ့ Valentine day အစီအစဉ်ဖြစ်တဲ့ Ko loves Khay Tik Tik ထဲမှာ ခြူးက Khay အနေနဲ့ဆော့ထားပြီး ခြူးရဲ့ Ko နေရာမှာ ဘယ်သူလာအားဖြည့်မလဲ ဆိုပြီး ပရိသတ်တွေကို Challenge ခေါ်ခဲ့ပါတယ် ။ ခြူးရဲ့ ကိုနေရာမှာ အားဖြည့်ပေးမယ့် ပရိသတ်တွေကလည်း ဆော့ပြီးရင် #KOLovesKhay #TelenorVdayTikTok ဆိုတာထည့်ဖို့မမေ့နဲ့နော် လို့လည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပရိသတ်အားလုံးကို အသိပေးထားတာဖြစ်ပါတယ် ။ ဒီအစီအစဉ်မှာကိုယ်ချစ်ရတဲ့သူ ချစ်သူ၊သူငယ်ချင်းမိသားစုနဲ့အတူ နှစ်ယောက်တွဲ Tik Tok ဆော့ရင်း iPhone 11 Pro နှင့် Samsung A80 ကိုလည်းမဲဖောက်ပေးဦးမှာလို့လည်း သိရပါတယ် ။


ခြူးလေးရဲ့ Tik Tok လေးတွေကို အစဉ်မြဲအားပေးနေကြတဲ့ ချစ်ပရိသတ်ကြီးကလည်း ခြူးနဲ့ အတူ Tik Tok ဆော့ချင်တယ်ဆိုပါဝင်လို့ရပါပြီနော် ။ ခြူးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ခြူးရဲ့ ချစ်သူများနေ့ အမှတ်တရ Tik Tok လေးကို အခုပဲ မျှဝေပေးလိုက်ပါပြီနော် ။